Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

"ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ"

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရကိုဖြုတ်ချပြီး စစ်တပ်မှ မတရားအာဏာသိမ်းခဲ့သည့် ၄ နှစ်ပြည့်သည့် နှစ်ဖြစ်သည်။ 

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို စစ်တပ်မှ ဖမ်းဆီးထောင်ချခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ စုစုပေါင်း အမှု ၁၉ မှု ဖြင့် စွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။

၂ဝ၂၃ ခုနှစ် သြဂုတ်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ် လွတ်ငြိမ်းခွင့်ပေးခဲ့သည့်အတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရသည်။

"ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ။ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး မေမေနဲ့ တွေ့ခွင့်ပေးဖို့အတွက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ရေးသားထားတဲ့စာ သွားရောက်ပေးအပ်ခဲ့တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ Kim Aris - Htein Lin ကလည်းလူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွဖော်ပြခဲ့သည်။

Video - Kim Aris

Bagan News



Comments