Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

"ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ"

ယနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရကိုဖြုတ်ချပြီး စစ်တပ်မှ မတရားအာဏာသိမ်းခဲ့သည့် ၄ နှစ်ပြည့်သည့် နှစ်ဖြစ်သည်။ 

၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရအဖွဲ့ဝင်များကို စစ်တပ်မှ ဖမ်းဆီးထောင်ချခဲ့သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ စုစုပေါင်း အမှု ၁၉ မှု ဖြင့် စွပ်စွဲခဲ့ပြီး ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့သည်။

၂ဝ၂၃ ခုနှစ် သြဂုတ်လအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ အမှု ၅ မှု အတွက် ထောင်ဒဏ် ၆ နှစ် လွတ်ငြိမ်းခွင့်ပေးခဲ့သည့်အတွက် ထောင်ဒဏ် ၂၇ နှစ် ဆက်လက်ကျခံနေရသည်။

"ဒီနေ့ မေမေ့ကို မတရားထိန်းချုပ်ထားတာ (၄)နှစ်ရှိပါပြီ။ယူကေမှာရှိတဲ့ မြန်မာနိုင်ငံသံရုံးကို သွားရောက်ပြီး မေမေနဲ့ တွေ့ခွင့်ပေးဖို့အတွက်  တပ်မတော်ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်ထံ ရေးသားထားတဲ့စာ သွားရောက်ပေးအပ်ခဲ့တယ်" ဟု ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ Kim Aris - Htein Lin ကလည်းလူမှုကွန်ရက်တွင် ရုပ်သံဖိုင်နှင့်တကွဖော်ပြခဲ့သည်။

Video - Kim Aris

Bagan News



Comments