မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။ အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။ မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့် တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...
ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေး(၄)ဦး လက်လုပ်မိုင်း နင်းမိရာမှ ကလေး(၂)ဦးသေဆုံးခဲ့ကာ (၂)ဦး ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း တွင် ထိုကလေးများသည် ရေချောင်းအတွင်း ငါးဖမ်းနေစဉ် လက်လုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။
ဌင်းနည်းတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လယ်ပိုင်း၌ အမျိုးသားတဦး ကြံစိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်လည်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတဦး ကြံခင်းသွားနေစဉ် စစ်ကောင်စီတပ်လက်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့သည်။

Comments
Post a Comment