Skip to main content

Latest News

ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ၄၉ ဦးရှိလာ

 ရခိုင်ပြည်နယ် ၊ ကျောက်တော်မြို့၊ ကစ္ဆပနဒီတံတားအနီးဝန်းကျင်နှင့် အိန္ဒိယဈေးဝန်းကျင်အား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့်  သေဆုံးသူ ၄၉ ဦးရှိလာကြောင်း အာရက္ခတပ်တော် - AA ကထုတ်ပြန်သည်။  ယမန်နေ့ ၊ စက်တင်ဘာလ (၂၈) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၁၀) မိနစ် နှင့် (၁၂) နာရီ (၁၄) မိနစ်အချိန်တွင် စစ်တပ်၏ ဂျက်တိုက်လေယာဉ် (၁) စီးမှ ကျောက်တော်မြို့၊ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်၊ အိန္ဒိယစျေးဝန်းကျင်အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။  စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှုကြောင့်  ထိခိုက်ဒဏ်ရာရရှိသူလည်း (၅၈) ဦးအထိ ရှိလာပြီး ယင်းအထဲတွင် ပြင်းထန်ဒဏ်ရာရခဲ့သူ ၂၂ ဦးရှိကြောင်းသိရသည်။  အလားတူ စစ်တပ်က ယမန်နေ့ ၊ နေ့လယ် တွင် မင်းပြားမြို့နယ် ၊ စွန်ရဲကျေးရွာနှင့် သံတွဲမြိုနယ်၊ ငပလီကို ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၉ ဦးရှိကြောင်း AA ကထုတ်ပြန်သည်။  - BAGAN NEWS  

ကွတ်ခိုင်တွင် မိုင်းနင်းမိရာမှ ကလေး ၂ ဦး သေဆုံး

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ကွတ်ခိုင်မြို့နယ် နမ့်ဆိုင်ကျေးရွာတွင် ကလေး(၄)ဦး လက်လုပ်မိုင်း နင်းမိရာမှ ကလေး(၂)ဦးသေဆုံးခဲ့ကာ (၂)ဦး ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည် ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက်ပိုင်း တွင် ထိုကလေးများသည် ရေချောင်းအတွင်း ငါးဖမ်းနေစဉ် လက်လုပ်မိုင်းကို နင်းမိခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် ကလေးငယ်(၂)ဦးသည် အသက်(၄)နှစ်အရွယ် နှင့် အသက် (၅)နှစ်အရွယ် တို့ဖြစ်ကြပြီး အသက် (၉)နှစ်အရွယ် နှင့် အသက် (၈)နှစ်အရွယ် ကလေး(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော် TNLA မှထုတ်ပြန်သည်။

ဌင်းနည်းတူ ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့နယ်၊ နောင်တိန်ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၅ ရက် နေ့လယ်ပိုင်း၌ အမျိုးသားတဦး ကြံစိုက်နေစဉ်အတွင်း စစ်ကောင်စီတပ်ထောင်ထားခဲ့သည့်မိုင်းကို ခုတ်မိရာမှ ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်ရရှိခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၇ ရက်လည်း မူဆယ်မြို့နယ် နမ့်ဟွယ်ကျေးရွာတွင် အမျိုးသားတဦး ကြံခင်းသွားနေစဉ် စစ်ကောင်စီတပ်လက်ကျန်မြေမြှုပ်မိုင်းနင်းမိပြီး ဘယ်ဘက်ခြေထောက် ဆုံးရှုံးခဲ့သည်။

Photo - TNLA



Comments