Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပုလဲမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသခံ ၂ဝ,ဝဝဝ ကျော် စစ်ဘေးရှောင်နေရ (Podcast)

 Bagan News - နေ့စဉ်သတင်း (Podcast)





v ဇွန် ၁၁ - Bagan News / Podcast
  • ထိုင်း-မြန်မာနယ်စပ် တနင်းင်္သာရီတိုင်း မြိတ်−ထားဝယ်ခရိုင် အတွင်းမှာရှိတဲ့ အမိုနယ်စပ် ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၁ဝ ရက်နေ့မှာသိမ်းပိုက်ခဲ့ပါတယ်။
  • စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသခံ ၂ဝ,ဝဝဝ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။
မနေ့က ဇွန်လ ၁ဝ ရက်နေ့မှာ ဗုံးလာကျဲတဲ့ ဂျက်ဖိုက်တာတစီးကို တော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးခဲ့ပါတယ်။
  • ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ‌လေ အားအလွန်ကောင်းနေတာကြောင့် ဇွန်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။
နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။

Comments