Skip to main content

Posts

Showing posts from December, 2025

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

ဝက်လက် စစ်ဘေးရှောင်တဲကို လေကြောင်းက ပစ်ခတ်လို့ အသက် ၄ နှစ်ကလေးအပါ ၅ ယောက်သေဆုံး

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network  ကထုတ်ပြန်ပါတယ်။  မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့  J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက်  ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့  ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News 

ဒီပဲယင်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ ပြည်သူ ၁၈ ယောက်သေဆုံး

စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။  ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။  စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။  ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။  စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ စစ်တပ်က  ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရ...

ပေါက်မြို့နယ်မှာ စစ်တပ်ကြောင့် ပြည်သူ ၁၆ ယောက်သေဆုံး

 မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်တပ်နဲ့ဒေသခံ ပျူစောထီးတွေရဲ့ လုပ်ရပ်တွေကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာထောက်ထားရေးဌာနကထုတ်ပြန်ပါတယ်။  စစ်တပ်နဲ့ ပျူစောထီးတွေဟာ စစ်ကြောင်းထိုး ၊မီးရှို့ ၊ဖမ်းဆီး၊ လူသတ် အဓမ္မပြုကျင့်တာတွေအပြင် အများပြည်သူ အသွားအလာများတဲ့နေရာတွေနဲ့ ဗုံးခိုကျင်းနေရာတွေကို မိုင်းထောင်ခဲ့တယ်လို့သိရပါတယ်။  ဒါ့အပြင် လေကြောင်းကနေ လက်နက်ကြီးနဲ့ ဗုံးကြဲ တိုက်ခိုက်တာတွေကြောင့် ပြည်သူအများအပြား သေဆုံး ထိခိုက်ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။  ပေါက်မြို့နယ်မှာ နိုဝင်ဘာလအတွင်း အဓမ္မပြုကျင့် ဖမ်းဆီသတ်ဖြတ်ခံရတာကြောင့် ပြည်သူ ၁၆ ယောက်သေဆုံးခဲ့ပြီး ၁၉ ယောက်ထိခိုက်ခဲ့ပါတယ်။ စစ်တပ်ရဲ့ဖမ်းဆီးခံရတဲ့သူ ၃၆ ယောက်ရှိပြီး ၂၁ ယောက်ပြန်လွှတ်ခဲ့သလို ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့သူ ၅ ယောက်ရှိတယ်လို့ သိရပါတယ်။  စစ်တပ်ရဲ့ မီးရှို့ခံရတဲ့ ကျေးရွာ ၁၀ ရွာရှိပြီး အိမ်ခြေ ၈၅ လုံးနဲ့ တဲအိမ် ၃၀ ဆုံးရှုံး ခဲ့တယ်လို့ ပေါက်မြို့ လူသားချင်းစာနာဌာနကထုတ်ပြန်ပါတယ်။  ဓာတ်ပုံ - ပေါက်မြို့နယ် ၊ ကျောက်မဲတောင်ကျေးရွာကို နိုဝင်ဘာ...