Skip to main content

Latest News

မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိ

 မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၃ ဒသမ ၈ သန်းနီးပါးရှိနိုင်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (OCHA) United Nations OCHA Myanmar ကယနေ့ထုတ်ပြန်သည်။  အများစုမှာ အကြိမ်ကြိမ် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများဖြစ်ကာ၊ အထူးသဖြင့် အနောက်မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းဒေသများတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် နေရပ်စွန့်ခွာမှုအသစ်များဖြစ်ပေါ်လျက်ရှိကြောင်းဖော်ပြသည်။  မကွေးတိုင်းတွင် မကြာသေးမီက ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့် ပစ်ခတ်မှုများကြောင့်လူဦးရေ ၁၀၀,၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာ့အဆိုးရွားဆုံး လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး နိုင်ငံတစ်ဝန်းရှိ အရေးပေါ်လိုအပ်ချက်များ ပိုမိုဆိုးရွားလာသဖြင့် လူဦးရေ ၁၆ သန်းကျော် အကူအညီလိုအပ်လျက်ရှိကြောင်း UN OCHA ကဆိုသည်။  ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းသို့ ရောက်ရှိလာချိန်တွင် လူသားချင်းစာနာမှု လိုအပ်ချက်များ ဆက်လက်ရှိနေဆဲဖြစ်သောကြောင့်  တိုးချဲ့ဆောင်ရွက်ရန်အတွက် ရန်ပုံငွေများ လိုအပ်လျက်ရှိနေဆဲဖြစ်ကြောင်းဖော်ပြသည်။ ဓာတ်ပုံ -...

ပြည်တွင်ရေး စွက်ဖက်သည်ဟုဆိုကာ တီမောလက်စ်တေ သံရုံးတာဝန်ခံကို မြန်မာနှင်ထုတ်

 တီမောလက်စ်တေနိုင်ငံသည် မြန်မာ့ပြည်တွင်းရေးကို စွက်ဖက်သည်ဟုဆိုကာ ရန်ကုန်မြို့ရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံအား  ဖေဖော်ဝါရီလ ၂၀ ရက်နေ့မတိုင်မီ မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ပြောကြားခဲ့ကြောင်း စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ 

၄င်းအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ခေါ်ယူပြောကြားခဲ့ကြောင်း သိရသည်။ 

ဓာတ်ပုံ - တီမောလက်စ်တေသမ္မတ(အလယ်)နှင့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်များ။
တီမောလက်စ်တေသမ္မတသည် မြန်မာ စစ်တပ် အရာရှိအချို့အပေါ် တရားစွဲဆိုသည့် ချင်းလူ့အခွင့်အရေးအဖွဲ့၏ ကိုယ်စားလှယ်များကို ဇန်နဝါရီလ ၁၄ ရက်နေ့တွင်  လက်ခံတွေ့ဆုံခဲ့ခြင်းသည် လုံးဝလက်ခံနိုင်ဖွယ်ရာမရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ 

ယင်းကိစ္စနှင့်ပတ်သက်ပြီး တီမောလက်စ်တေသံရုံးယာယီတာဝန်ခံအား ဇန်နဝါရီလ ၁၆ ရက်နေ့တွင်  ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း အသိပေးခဲ့ပြီး ဖြေရှင်းချက်တစ်ရပ်ကို တရားဝင် ပြန်လည်ပေးပိုပေးရန် တောင်းဆိုခဲ့သည်ဟုလည်းပါရှိသည်။ 

တီမောလက်စ်တေသမ္မတအနေဖြင့် မြန်မာနိုင်ငံ၏ ပြည်တွင်ရေးကို မကြာခဏဝင်ရောက်စွက်ဖက်နေသည့်အတွက် ရန်ကုန်မြိုရှိ တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံ မစ္စတာအဲလီစီယို ဒိုရိုဆားရီရှိ ဒီဆော်ဆာအား သံတမန်ဆက်ဆံရေးနှင့်စပ်လျဉ်းသည့် ဗီယင်နာကွန်ဗင်းရှင်း (၁၉၆၁) အပိုဒ် ၉ နှင့်အညီ 

မြန်မာနိုင်ငံမှ အပြီးအပိုင်ထွက်ခွာရန် ပြောကြားခဲ့ကြောင်း စစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်သည်။ 

- BAGAN NEWS 



Comments