လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ရှိ ကျီစုနှင့်ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးနေကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် မှသိရသည်။ ယနေ့ အာက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်တွင် ကန့်ဘလူမြို့နယ် ကျီစုရွာ နှင့် နေ့လယ် ၂ နာရီ ၂၀ မိနစ်တွင် ကျောက်တိုင်ရွာတို့အား စစ်ကောင်စီတပ်နှင့် ပျူပူးပေါင်းအင်အား ၁၅၀ ခန့်မှ အကြမ်းဖက်ပစ်ခတ်ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဌင်းအဖွဲ့ကဆိုသည်။ ထိုစစ်ကြောင်းသည် အောက်တိုဘာလ ၂၉ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်တွင် ကန့်ဘလူမြို့နယ်၊ထန်းကုန်းမှထွက်ခဲ့သော အင်အား၇၀ ခန့်နှင့် ရေဦးမြို့နယ်၊အောင်သာယာပျူအထိုင်မှ ထွက်ခဲ့သော စစ်သားများပါဝင်သည့်ပူးပေါင်းစစ်ကြောင်းဖြစ်ပြီး ကာဘိုးပျူအထိုင်စခန်းတွင် တညအိပ်တပ်စွဲခဲ့ကြောင်း သိရသည်။ ၎င်းနောက် ၊ယနေ့ နေ့လယ်တွင် ထိုစစ်ကောင်စီတပ်နှင့် ပျူစုပေါင်းအင်အား ၁၅၀ ခန့်သည် ကျီစုရွာနှင့် ကျောက်တိုင်ရွာတို့အား အကြမ်းဖက်ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သည် ကျီစု၊ကျောက်တိုင်နှင့် ရေဦးမြို့နယ် ပင်စိမ်းခင်းရွာတို့အား Drone ဖြင့် ဗုံးသီး ၈ ကြ...