လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
ဇွန် ၂၈ / Bagan News - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်အကွာ မှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့က ဒီကနေ့ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။ - စစ်ကောင်စီ ရိက္ခာပို့ယာဉ်တန်းဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကြား လမ်းတလျောက် ကျေးရွာတွေကို စစ်ကြောင်းထိုး လုယက်နေတယ်လို့ People's Democratic Army ကထုတ်ပြန်ပါတယ်။ - မွန်ပြည်နယ် ဘီးလင်းမြို့မှာ လာမယ့် ၄၈ နာရီအတွင်း စိုးရိမ်ရေမှတ်ရောက်ပြီး ရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။ Telegram https://t.me/bagannews