ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။ မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS
လေထုမငြိမ် မသက်တာကြောင့် ဒီနေ့ကနေ နိုဝင်ဘာ ၅ ရက်အတွင်း စစ်ကိုင်းတိုင်း မကွေးတိုင်း မန္တလေးတိုင်းနဲ့ ကျန်တိုင်းဒေသတွေမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလဌာနက ထုတ်ပြန်ပါတယ်။ အချို့ဒေသတွေမှာ ဒေသအလိုက် နေရာကွက်ကြား မိုးကြီးနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။ မိုးသည်းထန်တာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းလမိုးကြိုးပစ်တာ ၊ မိုးသီးကြွေတာလျှပ်တစ်ပြက်ရေကြီး မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားပါတယ်။ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာ ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ နီးပါးမှ ၃ လက်မ နီးပါးအထိရွာသွန်းနိုင်တယ်လို့ မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်းလူမူကွန်ရက်ကတဆင့်ပြောပါတယ်။ နိုဝင်ဘာ ၅ ရက်အထိ ရိတ်သိမ်းပြီးစပါးတွေ နေလှမ်းတာ ပဲစိုက်တောင်သူတွေ ပဲမျိုးကြဲခြင်းတွေကို မိုး/လေအခြေအနေကြည့်ပြီး ဂရုစိုက်ဆောင်ရွက်ကြဖို့ ဦးဝင်းနိုင်က အကြံပေးထားပါတယ်။ ဓာတ်ပုံ -အောက်တိုဘာ ၂ ရက်က မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မိုးသည်းထန်ပြီး ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမ ရေကျော်ခဲ့စဉ်။ (Photo - MFSD) - Bagan ...