စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် ၊ ထုံးဘိုရွာတောင်ဘက် သန်းကုန်းတောတိုက်အနီးက စစ်ဘေးရှောင်တဲတွေကို စစ်တပ်က လေကြောင်းက ဗုံးကြဲချခဲ့တာကြောင့် ၅ ယောက်သေဆုံးခဲ့တယ်လို့ Wetlet Informational Network ကထုတ်ပြန်ပါတယ်။ မနေ့ည ၉ နာရီခွဲခန့်မှာ တံတားဦးလေဆိပ်ကတက်လာတဲ့ J-Fighter ၂ စီးက ဗုံးသီး အတွဲလိုက်ချ လေကြောင်တိုက်ခဲ့တာကြောင့် ဒေါ်သူဇာနွယ် (အသက် ၃၄ နှစ်) ၊ တွတ်ပီ (အသက်၂၆နှစ်) ၊ ဦးခင်မောင်လွင်(အသက်၇၀) အေးမြတ်သူဇာ အသက် ၄ နှစ်တို့ သေဆုံးခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်နှင်းမြလည်းရရှိတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။ နေအိမ် ၈လုံးခန့် မီးလောင်ပျက်စီးခဲ့ပြီး စိုးရိမ်ရတဲ့ ဒဏ်ရာရထားသူတွေရှိနေတယ်လို့ ဒေသခံအဖွဲ့ကပြောပါတယ်။ စစ်တပ် လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာဟာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာသာဖြစ်ပြီး သေဆုံးသွားတဲ့သူတွေဟာ စစ်ဘေးလာရှောင်တဲ့ ရွှေဘိုမြို့နယ် ကုလားမရွာသူ/သားတွေ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ - Bagan News
ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။ ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။ ဌင်းပြင် ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။ ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။ ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး Bagan News Agency