Skip to main content

Posts

Showing posts from November, 2025

Latest News

KIO,CNF,KSCC, IEC , KNPP တို့ပါဝင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ NUG ဖွဲ့

 လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော်  နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ  ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ  နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF)  ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ  ဥက္ကဋ္ဌ  ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...

တပ်မ ၃၃ လက်အောက် စစ်ကြောင်းပြုတ်အောင် PDF တပ်တွေတိုက်

 စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တွေမှာ စစ်ကြောင်းထိုးနေတဲ့ တပ်မ ၃၃ လက်အောက် စစ်တပ် စစ်ကြောင်းကို ဒီကနေ့မှာ  တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပြုတ်အောင်တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေကထုတ်ပြန်ပါတယ်။  Photo -  ဓူဝံ ပြည်သူ့ကာကွယ်ရေးအဖွဲ့- ရေဦး ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅၀ ထက်မနည်းသေဆုံးခဲ့ပြီး စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။  စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစုတွေက ကြားဖျတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ - BAGAN NEWS 

ကန့်ဘလူတိုက်ပွဲမှာ PDFက စစ်သုံ့ပန်း ၁၅ ဦးဖမ်းမိ

 စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်၊ ရွှေဘိုခရိုင်တွေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် စစ်ကြောင်းကို ဒီကနေ့မှာ  တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခိုက်ခဲ့ပြီး စစ်သုံ့ပန်းနဲ့လက်နက်ခဲယမ်းတွေသိမ်းဆည်း ရရှိခဲ့တယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။  ဒီကနေ့ နိုဝင်ဘာ ၁၂ ရက် မနက် ၉ နာရီ ဝန်းကျင်မှာ ကန့်ဘလူမြို့နယ် ဝက်တိုးရွာ စခန်းကနေ ခင်ဦးမြို့နယ်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးထိခိုက်တာများတယ်လို့ စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။  စစ်တပ် စစ်ကြောင်းကို စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ကန့်ဘလူခရိုင်ပကဖ အထူးလှုပ်ရှားတပ်ရင်း၊ရေဦးမြို့နယ်ပကဖ ဓူဝံအဖွဲ့၊ရွှေဘိုခရိုင်အမှတ်(၃)တပ်ရင်း(ခင်ဦး)၊အမှတ်(၂၅)တပ်ရင်း(တန့်ဆည်) နဲ့ တော်လှန်ရေးအင်အားစုတွေက ကြားဖျတ်တိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ Photo -  စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - Bagan News 

မတ္တရာ စဉ့်ကူး သပိတ်ကျင်းမြို့နယ်နေသူများ တိုက်ပွဲတွက် ပြင်ဆင်ထားရန် MDY PDF ထုတ်ပြန်

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်၊ စဉ့်ကူး မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့တွင်  စစ်ရေးတိုက်ပွဲများ ပိုမိုပြင်ထန်းလာနေသည့်အတွက် တိုက်ပွဲတွင်း ကြုံရနိုင်သည့် အခြေအနေများနှင့်ပက်သက်ပြီး ကြိုတင်ပြင်ဆင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF ကထုတ်ပြန်သည်။  ဘေးအန္တရာယ်ကင်းနိုင်ရေးအတွက် လိုအပ်သည့် အစီအမံများ လုပ်ဆောင်ထားကြပါရန်လည်း တိုက်တွန်းထားသည်။ ဓာတ်ပုံ - စက်တင်ဘာလတွင်းပြုလုပ်ခဲ့သည့် MDY PDF ၏ အခြေခံစစ်ပညာသင်တန်းဆင်းပွဲမြင်ကွင်း။   စစ်အုပ်စုသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတို့တွင် “တရားမဝင်ရွေးကောက်ပွဲ” ကိုလုပ်ရန် ဆောင်ရွက်နေပြီး ယင်းကာလမတိုင်မီတွင် တော်လှန်ရေးတပ်ဖွဲ့များ၏ ထိန်းချုပ်စိုးမိုးနယ်မြေများကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၏ လှုပ်ရှားရာ နယ်မြေများဖြစ်သော မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်များသည်လည်း စစ်အုပ်စုက ရွေးကောက်ပွဲ ပြုလုပ်ရန် လျာထားသည့် မြို့နယ်များစာရင်းတွင် ပါဝင်နေပါသည်။ စစ်အုပ်စု၏ လက်ရှိထိုးစစ်ကို ဆက်လက် ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော...

ဝက်လက်မြို့နယ်က စစ်ရှောင် ၁ သောင်းခွဲကျော်အတွက် အရေးပေါ်အကူညီလို

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ်မှာ အောက်တိုဘာလကုန်က စပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂ဝ ကျော်က ဒေသခံ ၁ သောင်းခွဲကျော် စစ်ဘေးရှောင်နေရပါတယ်။ စစ်ဘေးရှောင်တွေအတွက် အရေးပေါ် စားနပ်ရိက္ခာလိုအပ်ချက်ရှိနေတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ ကထုတ်ပြန်ပါတယ်။  "အဓိကအနေဖြင့် ဆန်နဲ့ဆီ  အဓိကလိုအပ်ချက်ဖြစ်နေပါတယ်"လို့ ကော်မတီကပြောပါတယ်။  စစ်ဘေးရှောင်ပြည်သူတွေကို အကူညီများပေးလိုပါက ချိတ်ဆက်လုပ်ဆောင်နိုင်တယ်လို့ ကော်မတီကအသိပေးထားပါတယ်။  ဓာတ်ပုံ - ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီ  ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ  မနေ့က ထုံးဘိုရွာ ကို ရောက်ရှိနေပြီး နေအိမ်တွေကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Wetlet Informational Network ကထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၆ ရက်နေ့က ဝက်လက်မြို့နယ်မှာ  ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၇ ယောက်သေဆုံးခဲ့တယ်လို့ People's Servant Revolution - Wetlet တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွ...

ဝက်လက် ထုံးဘိုရွာကို စစ်တပ် မီးရှို့

 စစ်ကိုင်းတိုင်း ၊ ဝက်လက်မြို့နယ် အနောက်ခြမ်း ရွာသာကြီးရွာကနေ ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းဟာ  ထုံးဘိုရွာကိုရောက်ရှိနေပြီး နေအိမ်တွေကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးနေတယ်လို့ Wetlet Informational Network ကထုတ်ပြန်ပါတယ်။ မနေ့ကလည်း စစ်တပ်စစ်ကြောင်းဟာ နှောပင်ရွာက နေအိမ်တွေကို မီးရှို့ ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။  People's Servant Revolution - Wetlet တပ်ဖွဲ့ကလည်း နိုဝင်ဘာလ ၆ ရက်နေ့က ဝက်လက်မြို့နယ်မှာ  ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတဲ့ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်က ၁၇ ယောက်သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။  စစ်အုပ်စုဟာ ဝက်လက်မြို့နယ်အတွင်းမှာ စစ်ကြောင်းတွေထိုးနေတာကြောင့် အချိန်မရွေးထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်တာကြောင့် သတိပေးညွန်ကြားချက်တွေကို လိုက်နာကြဖို့နဲ့ထုတ်ပြန်ထားပါတယ်။ - BAGAN NEWS 

ရန်ကုန်မှာ ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့ အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ(၂၉)ရပ်ကွက် ၊ ပေါ်ဆန်းမွှေးလမ်းရှိ Eastern Yangon Event park မှာ  နိုဝင်ဘာလ ၂ ရက်နေ့ညက ကျင်းပခဲ့တဲ့ Overflow Music Festival ဖျော်ဖြေပွဲမှာ  ညစ်ညမ်းစကားတွေနဲ့ ဆဲဆိုပြီး ကွန်ဒုံးဖြန့်ဝေ သီဆိုကခုန်ခဲ့ကြတဲ့အဆိုတော် ၁၃ ဦးနဲ့ ပွဲစီစဉ်သူတွေကိုဖမ်းဆီးခဲ့ကြောင်း စစ်တပ်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။  အဲ့ဒီပွဲမှာဆဲဆိုခဲ့တဲ့ အဆိုတော် Wink (ခ) ရဲဝင့်အောင် (ခ) ဗလနဲ့ Bkho Bain (ခ) သိန်းမင်းထက်တို့ပါ အမျိုးသား ၁၃ ဦး၊ ပွဲစီစဉ်သူတွေဖြစ်ကြတဲ့ တင်ရတနာသိမ့်၊ ဟန်လင်းထက်နဲ့ အောင်ခန့်မော်(ခ) ဂျပန်ကြီးတို့ကိုဖမ်းဆီးကာ သ င်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေရဲစခန်းမှာ (ပ)၂၁၃/၂၀၂၅၊ ရာဇသတ်ကြီး ပုဒ်မ-၅၀၅-က/ ၂၉၄/၁၁၄ အရ အမှုရေးဖွင့်ထားရှိထားပြီး သူတို့ကို ဥပဒေနဲ့အညီ ထိရောက်စွာ အပြစ်ပေးအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။  - Bagan News 

ကံမမြို့နယ်မှာတိုက်ပွဲပြင်းထန် စစ်တပ်က ၇ ဦးသေပြီး PDF ရဲဘော် ၂ ဦးကျဆုံး

 မကွေးတိုင်း၊ သရက်ခရိုင် ၊ကံမမြို့နယ် ၊ သရက် - ကံမ လမ်းပိုင်း ရေနံသာကျေးရွာက စစ်တပ်ကင်းစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၇ ဦးခန့်သေဆုံးပြီး PDF ရဲဘော် ၂ ဦးကျဆုံးခဲ့တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ထုတ်ပြန်ပါတယ်။  အဲ့ဒီစခန်းဟာ အင်အား (၃၀)ခန့်နဲ့ စည်းရိုးအထပ်ထပ် ၊ အုတ် ဘန်ကာတွေနဲ့ အခိုင်အမာတပ်စွဲထားတဲ့ စခန်းဖြစ်ပြီး နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ ထိုးစစ်ဆင်ခဲ့တာလို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။  တိုက်ပွဲကြချိန် (၂)နာရီခွဲနီးပါးရှိခဲ့ပြီး စစ်တပ် ဘန်ကာ (၆)ခုထဲက (၄)ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။ ကျန်တဲ့ ဘန်ကာ ၂ ခုကို ဆက်လက်သိမ်းပိုက်ဖို့ ကြိုးစားနေချိန်မှာ မြေပြင်အခြေအနေအရ ထိုးစစ်ဆင်တာ ရပ်နားပြီး ပြန်ဆုတ်ခွာခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။  ရေနံ့သာ ရဲကင်းစခန်းကို တိုက်ခိုက်ခဲ့တဲ့ တပြိုင်နက်ထဲမှာပဲ စစ်တပ်ရဲ့ အရေးပါတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံ ၊ ကပစ (၁၂) ကို ရှော့တိုက်ဒုန်း (၅)လုံးနဲ့ ပစ်ခတ်ခဲ့တာမှာ (၄)လုံး အောင်မြင်စွာ ပစ်ခတ်နိုင်တယ်လို့ သရက်ခရိုင်အမှတ် ၄ တပ်ရင်းက ပြောပါတယ်။  ရှော့တိုက်ဒုန်း တွေဟာ ကပစ (၁၂) စက်ရုံအတွင်း ကျရောက်ပေါက်ကွဲတာရှိခဲ့ပ...

ကန့်ဘလူမှာ ၁ လအတွင်း ပြည်သူ ၈ဝ ခန့် ပေါ်တာဆွဲခံရ

 အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။   အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်  သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။  ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။  အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။  အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...