Skip to main content

Posts

Showing posts from March, 2026

Latest News

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။  မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS 

တိုင်းနှင့်ပြည်နယ်အနှံတွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်

 ယခုတစ်ပတ်အတွင်း (၁၆.၃.၂၀၂၆ မှ ၂၂.၃.၂၀၂၆ အထိ) ဘင်္ဂလားပင်လယ်အော် အခြေအနေမှာ  ဘင်္ဂလားပင်လယ်အော် နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေသည်။ ယခုတပတ်အတွင်း ကပ္ပလီပင်လယ်ပြင်တွင် တိမ်ထူထပ်ခြင်းနှင့် မိုးရွာသွန်းခြင်းများ ဖြစ်ပေါ်နိုင်သော်လည်း လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်နိုင်ခြေ မရှိကြောင်း NUG လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကထုတ်ပြန်သည်။  မိုးလေဝသအခြေအနေမှာ မြန်မာနိုင်ငံ အနောက်မြောက်ဘက်မှ ရွှေ့လျားလာသည့် လေပွေလှိုင်းများကြောင့် ချင်းပြည်နယ်၊စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ကချင်ပြည်နယ်၊ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်နီပြည်နယ်နှင့် တနင်္သာရီတိုင်း တို့တွင် အချိန်အခါမဟုတ် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပါသည်။  ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် အချိန်အခါမဟုတ် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး အချို့နေရာများတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း MOHADM မှသိရသည်။ - BAGAN NEWS 

ထားဝယ်-မြိတ်လမ်းတွင် နှစ်ပေါင်း ၃၀ ကျော် အခြေချတပ်စွဲထားသော စစ်တပ်စခန်းကို K.N.LA ပူးပေါင်းတပ်ဖွဲ့သိမ်း

 တနင်္သာရီတိုင်း ၊ မြိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်(သရက်ချောင်းနယ်မြေ)၊ ထားဝယ်-မြိတ် အမှတ်(၈)လမ်းမှတ်ကြီး မင်းဒပ်ကျေးရွာအတွင်းတွင် နှစ်ပေါင်း(၃၀)ကျော် အခြေချတပ်စွဲထားသော ဝင်းဝတပ်စခန်းကို  မတ်လ (၁၁) ရက်နေ့ ညနေတွင် K.N.LA တပ်မဟာ(၄)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း K.N.LA ကထုတ်ပြန်သည်။  ကရင်လွတ်မြောက်ရေးတပ်မတော် ဗျူဟာအမှတ်(၂)ဦးဆောင်မှုဖြင့် K.N.LA တပ်မဟာ(၄) တပ်ရင်း(၁၂)၊ တပ်မဟာ (၆) တပ်ရင်း(၂၇)၊ တပ်မဟာ(၄) အထူးကွန်မန်ဒိုတပ်ဖွဲ့၊ ဗျူဟာ(၃၃) လက်အောက်ခံ T(5)တပ်ရင်း နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။  ဝင်းဝစခန်းကို ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ(၇)ရက်နေ့ မှစတင်တိုက်ခိုက်ခဲ့ပြီး မတ်လ(၁၁)ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရသည်။  စစ်ဆင်ရေးတိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်ကျဆုံးရှိခဲ့ကြောင်း ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးကထုတ်ပြန်သည်။  ‎ဓာတ်ပုံ- KNLA တပ်မဟာ(၄)တပ်ရင်း(၁၂)၊ တပ်မဟာ(၄)တပ်ရင်း(၂၇)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မျာ...

NUG နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့ဝင်များသည် မတ်လ ၁၀ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း NUG ကထုတ်ပြန်သည်။  ယင်းအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆွေးနွေးကြရာ သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့ကြောင်းသိရသည်။  အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် တိုင်ပင်ခဲ့ကြကြောင်း သိရသည်။  ၎င်းအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းက...

အမ်းမြို့နယ်ကို စစ်တပ်ဗုံးကြဲ စစ်ဘက်အရာရှိများအပါ စစ်သုံပန်း ၁၁၆ ဦး သေဆုံး

 ရခိုင်ပြည်နယ် ၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ စစ်သုံပန်းအကျဉ်းစခန်းအား စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံ့ပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် AA ကထုတ်ပြန်သည်။  မတ်လ (၈) ရက်နေ့၊ နံနက် (၁၁) နာရီ (၂) မိနစ်မှ မွန်းလွဲ (၂) နာရီ (၂၈) မိနစ် အချိန်အထိ စစ်ကော်မရှင်တပ်သည် ဂျက်ဖိုက်တာ (၄) စီး နှင့် Y-12 (၄) စီးတို့ဖြင့် အမ်းမြို့နယ်၊ ဒါးလက်ချောင်းဒေသရှိ  စစ်သုံပန်းအကျဉ်းစခန်းအား သုံးနာရီခွဲခန့်ကြာမြင့်သော လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုမျိုးကို မရပ်မနား ဆက်တိုက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် လတ်တလောစာရင်းအရ စစ်သုံပန်း (၁၁၆) ဦး သေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် ပြင်းထန်ဒဏ်ရာရရှိသူများ မြောက်မြားစွာရှိနေပြီး အရပ်သားများထဲမှ ပြစ်ဒဏ်ကျခံရသူအချို့လည်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။  စစ်ကော်မရှင်တပ်၏ လေကြောင်းမှ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်း စစ်သုံ့ပန်း (စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ) အသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ပြီး စစ်ဘက်အရာရှိကြီးများစွာလည်း ပွဲ...

ကျောက်ကြီးတွင် စစ်တပ်က အရပ်သား ၃ဝ ခန့်ကိုသတ်ကာ ရွာသား ၁၆ဝ ခန့်ကို လူသားဒိုင်းအဖြစ်ဖမ်းထား

ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) ၊ လယ်ဒိုမြို့နယ်(ကျောက်ကြီး)အတွင်းတွင် စစ်တပ် ပစ်ခတ်ခြင်းကြောင့် ရေတွင်းကုန်းကျေးရွာအတွင်းရှိ အရပ်သား ၃ဝ ထိခိုက်သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်သည်။  လယ်ဒိုမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းမှ မတ်လ (၅) ရက်နေ့တွင် ရေတွင်းကုန်း ကျေးရွာအုပ်စု အတွင်းရှိ အရပ်သား (၁၆၀) ဦး ခန့်အား အကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်သည်။  ထို့နောက် မတ်လ (၇) ရက်နေ့တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်မှ ဒရုန်းနှင့်ဂျက်ဖိုက်တာတို့ဖြင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ၎င်းတို့ဖမ်းဆီးထားသော အရပ်သား  (၂၅) ဦး ခန့် ထိခိုက်သေဆုံးခဲ့ပြီး (၅) ဦးမှာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း ကေအဲန်ယူကဆိုသည်။  ဓါတ်ပုံ - စစ်တပ်၏ ဒရုန်းနှင့်လက်နက်ကြီးပစ်ခတ်တိုက်မှုကြောင့် ထိခိုက်သေဆုံးရမှုများ။  - BAGAN NEWS 

ညောင်လေးပင်ခရိုင်တွင် စစ်တပ်ကြောင့် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရ

 ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) လယ်ဒိုမြို့နယ်(ကျောက်ကြီး)နှင့် မူး(မုန်း) မြို့နယ်တို့တွင် စစ်တပ်မှ လက်နက်ကြီးနှင့် ဒရုန်းတို့ဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သား (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စစ်တပ်မိုင်းနင်းမိပြီး ပြည်သူ (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးကထုတ်ပြန်သည်။  Photo -စစ်ဘေးရှောင်များ။ မူးမြို့နယ်အတွင်း မတ်လ (၄) ရက်နေ့တွင် စစ်တပ်မှ နတ်လောင်းလေး ကျေးရွာအတွင်းသို့ ဒရုန်းဖြင့် ဗုံးသီး (၂) လုံး လာရောက် ကျဲချခဲ့ရာ အရပ်သား (၂)ဦး  ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး စစ်တပ်များ ထောင်ထားသောမှိုင်းနင်းမိပြီး အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။  လယ်ဒိုမြို့နယ်အတွင်းတွင် မတ်လ (၅) ရက်နေ့၌ စစ်တပ် ခလရ-၂၆၄ တပ်ရင်းမှ ၁၂၀ မမ လက်နက်ကြီး (၁)လုံး ပစ်ခတ်ခဲ့ရာ အင်းပရိ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။  - BAGAN NEWS

ကောလင်းမြို့နယ်မှာ လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီး ၂ ဦးသေဆုံး

 စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်မှာ စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် အမျိုးသမီး (၂) ဦးသေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။  ဓာတ်ပုံ - ကောလင်း ပအဖ  စစ်တပ်က မကွေးလေတပ် တက်ဂျက်ဖိုက်တာ ၁စီးနဲ့ ကောလင်းမြို့နယ် ကချင်ကုန်းကျေးရွာအနီးကို (၄)ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ တစ်လုံးက ကချင်ကုန်း ကျေးရွာ ရွှေဘို-မြစ်ကြီးနားကားလမ်းမကြီးပေါ်ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန်သုံးကြိမ်ကတော့ ဘုန်းတော်ကြီးကျောင်းအနီးကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။  လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူစစ်ရှောင် အမျိုးသမီး (၂) ဦးသေဆုံးပြီး (၂) ဦး ထိခိုက်ဒါဏ်ရာရရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။  - BAGAN NEWS 

ရေတာရှည်မြို့နယ်တွင် PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၅ ဦးကို စစ်တပ်သတ်ဖြတ်

 ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် စစ်တပ်ကစစ်ကြောင်းထိုးပြီး PDF ရဲဘော် ၁ ဦးနှင့် ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားခဲ့ကြောင်း  ပြည်သူ့လွတ်မြောက်ရေး ကျောင်းသားတပ်‌တော်(PLSF)ကထုတ်ပြန်သည်။  ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၂၃) ရက်နေ့တွင် စစ်တပ်စစ်ကြောင်းသည်  ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်းသို့ အင်အား (၅၀၀) ခန့်ဖြစ် စစ်ကြောင်းထိုးလာခဲ့သည်။ ထို့နောက် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင် စစ်ကြောင်း၂ ခု ခွဲထွက်ပြီး အင်အား ၂၀၀ ခန့်ဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာခဲ့ရာ တော်လှန်ရေး မဟာမိတ်အင်အားစုများဖြင့် စတင်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။  ဓာတ်ပုံ - ကျဆုံးခဲ့သည့် PLSF ရဲဘော် ၁ ဦး။ ၎င်းနောက် ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့တွင် ကျေးရွာအနီးတွင် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်။  ဖေဖေါ်ဝါရီလ ၂၆ နှင့် ၂၇ ရက်နေ့များတွင် မဟာမိတ်အင်အားစုများနှင့် စစ်တပ် စစ်ကြောင်းအကြား ကျေးရွာအနီး၌ ထပ်မံ၍ စစ်ဆိုင်ခဲ့ကြသည်။ စစ်တပ်စစ်‌ကြောင်းသည် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင် ပစ္စည်းများအား ဖောက်ထွင်းသိမ်းယူခဲ့ပြီး ပြည်သူ ၄ ဦးအား သတ်ဖြတ်ခဲ့ကြောင်း ...

စစ်အာဏာသိမ်း ၅ နှစ်ကျော်အတွင်း ပြည်သူ ၈ ထောင်နီးပါး စစ်အုပ်စုလက်ချက်ကြောင့်သေဆုံး

 ၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ ၂၀၂၆ ခုနှစ်၊ဖေဖော်ဝါရီ ၂၈ ရက်နေ့ အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် သေဆုံးခဲ့သည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ ၇,၈၄၂ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်သည်။  သေဆုံးသူများတွင် ဖမ်းဆီးပြီးနောက်သတ်ခံရသူ ၂၂၃၅ ဦး ၊ အမျိုးသမီး ၂၀၉၀ ဦး နှင့် ကလေး ၁၀၁၇ ဦးပါဝင်ကြောင်း သိရသည်။  ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၀၅၃၁ ဦးရှိပြီး ထိုအထဲမှ ၂၂၈၁၉ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ ၁၁၅၇၉ ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း AAPP မှသိရသည်။  ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် မြေပြင်တွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်းဖော်ပြသည်။  ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသား ၉၄ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် ၂ လ အရွယ် ယောကျာ်းလေး တဦးအပါအဝင် အသက် ၁၈ အောက် ယောက်ျားလေး ၁၂ ဦး ပါဝင်ကြေ...