လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
-စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာဒေသခံ ၂ သောင်းကျော် စစ်ဘေးရှော်နေရတယ်လို့ စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။ -စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ်၊ကျီကျင်းရွာကို စစ်ကောင်စီစစ်ကြောင်းက ဩဂုတ်လ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အမျိုးသား ၈ ဦးထက်မနည်းသတ်ဖြတ်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကထုတ်ပြန်ပါတယ်။ - မန္တလေးတိုင်း အောင်မြေသာစံမြို့နယ်မှာ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးသွားခဲ့တဲ့ Sky Villa ကွန်ဒို အဆောက်အအုံ A အဆောင်ကနေ ရုပ်အလောင်း ၅ လောင်းဒီကနေ့ထပ်မံတွေ့ရှိတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။