Skip to main content

Posts

Showing posts from 2025

Latest News

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန်

စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း စစ်ကော်မရှင်(စစ်ကောင်စီ) သတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ကြေညာသည်။  ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၁ဝဝဝ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဆင့်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။  ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။  စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သည်။  ၂ဝ၂၄ ခုနှစ် ဇူလိူင်လ ၁၈  ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နေ...

ယာယီသမ္မတဟောင်း ဦးမြင့်ဆွေ ကွယ်လွန်

စစ်ကောင်စီကခန့်အပ်ခဲ့ဖူးသည့် ယာယီသမ္မတ ဦးမြင့်ဆွေသည် ယနေ့ ဩဂုတ်လ ၇ ရက်နေ့ နံနက် ၈ နာရီ ၂၈ မိနစ်တွင် ကွယ်လွန်ခဲ့ကြောင်း စစ်ကော်မရှင်(စစ်ကောင်စီ) သတင်းထုတ်ပြန်ရေးအဖွဲ့ကယနေ့ ကြေညာသည်။  ဦးမြင့်ဆွေသည် အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင် (၁ဝဝဝ) ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။ ဦးမြင့်ဆွေ၏ ဈာပနကို နိုင်ငံတော်ဈာပနအဆင့်ပြုလုပ်မည်ဖြစ်ကြောင်း စစ်ကော်မရှင်ကထုတ်ပြန်သည်။  ဦးမြင့်ဆွေသည် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် ရန်ကုန်တိုင်း တိုင်းမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ၂ဝဝ၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် ရန်ကုန်မြို့၌ သံဃာတော်များအား သွေးထွက်သံယိုဖြိုခွင်းခဲ့သူအဖြစ် နာမည်ဆိုးထွက်ခဲ့သည်။  စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုတွင် ဦးမြင့်ဆွေသည် ယာယီသမ္မတအဖြစ် ပါဝင်ခဲ့သည်။  ၂ဝ၂၄ ခုနှစ် ဇူလိူင်လ ၁၈  ရက်နေ့တွင် ယာယီ သမ္မတ ဦးမြင့်ဆွေသည် ခန္ဓာကိုယ် လှုပ်ရှားမရတော့၍ ဆေးကုသမှု ခံယူနေရသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတ ရာထူးမှ အနားပေးကာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နေ...

"သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ သေဆုံးနိုင်ချေ နံပတ် ၁ ချိတ်တယ်"

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ပိုင်က နှစ်ကြီးအကျဉ်းသားတွေနဲ့ ပူးပေါင်းပြီး အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ကဒီကနေ့မှာထုတ်ပြန်ပါတယ်။  သာယာဝတီထောင် သီးသန့် (က/ခ)တိုက်အတွင်းက နိုင်ငံရေးအကျဉ်းသားတွေကို နှစ်ကြီးကျနေတဲ့အကျဉ်းသား ပြူးကြီးဆိုသူက အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။  အကျဉ်းသားပြူးကြီးဟာ  ၂ဝ၂၄ ခုနှစ်အတွင်း သီးသန့်တိုက်က LGBT နိုင်ငံရေးအကျဉ်းသား ကိုရဲရင့်ကိုခေါ် ရဲရဲကို လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့ ကြိုးပမ်းခဲ့ပြီး ခေါင်းကွဲတဲ့ အထိရိုက်နှက်ခဲ့သူဖြစ်တယ်လို့ သိရပါတယ်။  သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်လိုအသက်အန္တရာယ်ခြိမ်းခြောက်မှုကြုံနေရသလဲဆိုတာကို နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ရဲ့တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကို Bagan News ကဆက်သွယ်မေးမြန်းထားပါတယ်။ 

မူးမြို့နဲ့ ကျောက်ကြီးတိုက်ပွဲတွေမှာ စစ်ကောင်စီသုံ့ပန်း ၂၆ ဦးဖမ်းမိ

 ပဲခူးတိုင်း ၊ ညောင်လေးပင်ခရိုင် မူးမြို့နဲ့ ကျောက်ကြီးမြို့နယ်(လယ်တို) တိုက်ပွဲတွေမှာ စစ်ကောင်စီသုံ့ပန်း ၂၆ ဦးဖမ်းမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်ပါတယ်။  မူးမြို့နယ် တောင်စုကျေးရွာမှာ စစ်ကြောင်းထိုး အထိုင်ချခဲ့တဲ့ စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၂၃)ဦးကို ဖမ်းမိခဲ့ပါတယ်။ တချိန်ထဲမှာပဲ ကျောက်ကြီးမြို့နယ် မြေတော်ဝိကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြားနဲ့ စစ်သုံ့ပန်း(၃)ဦးကို ဖမ်းမိခဲ့တယ်လို့ KNU ကပြောပါတယ်။  တိုက်ပွဲတွင်းမှာ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း(၂၆)ဦးကို စစ်စည်းကမ်းဥပဒေနဲ့ အညီတပ်ရင်း(၉)ထံမှာ ထိန်းသိမ်းထားပြီး အိမ်ပြန်လိုသူများတွေကို ပြန်လည်ပို့ဆောင်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။ လုံခြုံရေးအရပြန်လို့ရသူတွေ မပြန်လိုသူတွေကိုတော့ အလုပ်အကိုင်ရှာဖွေပေးပြီး ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့  KNU ကဆိုပါတယ်။  စစ်သုံ့ပန်း အများစုဟာ မတရားစစ်မူထမ်း ခံရသူတွေဖြစ်ကြပြီး အချို့ကတော့ စစ်မှု...

မိုးကုတ်မြို့ကို စစ်ကောင်စီ ဗုံးကြဲ အရပ်သား ၁၂ ဦးသေဆုံး

  မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက် ၈ နာရီကျော်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာ​ကြောင့် လူ ၁၂ ဦးသေခဲ့တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင်(၂၅ဝ)ဗုံး (၂)လုံး ဗုံးကြဲချ တိုက်ခိုက်တာကြောင့် အရပ်သား (၁၂)ဦးသေဆုံးခဲ့တဲ့အပြင် (၁၄)ဦး ထိမှန်ဒဏ်ရာခဲ့တယ်လို့သိရပါတယ်။   ဗုံးထိမှန်ခြင်းကြောင့် သံဃာတော် (၁)ပါး၊ ကလေး(၁)ဦးနဲ့ အမျိုးသား (၁ဝ)ဦးသေဆုံးခဲ့တာပါ။ ဒါ့ပြင် နေအိမ် (၁ဝ)အိမ်၊ ကား (၃)စီးနဲ့ ဆိုင်ကယ် (၃)စီးလည်း ဗုံးစထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။   မိုးကုတ်မြို့ကို ဇူလိုင်လ တစ်လအတွင်းမှာ စစ်ကောင်စီက လေကြောင်းနဲ့ ဗုံး(၅)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ပြီး အရပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။ - Bagan News 
မန္တလေးတိုင်း မိုးကုတ်မြို့ အနောက်ပိုင်း ဂေါင်းဦးဘာရပ်ကွက်ကို ဒီကနေ့မနက်မှာ စစ်တပ်က လေကြောင်းသုံး ဗုံးကြဲခဲ့တာ​ကြောင့် လူ ၁၂ ဦးထက်မနည်းသေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အရင်လ ဇူလိုင်လအတွင်းမှာ စစ်တပ်က မိုးကုတ်မြို့ကို ဗုံး​ ၄ ကြိမ်ကြဲခဲ့လို့ အရပ်သား ၆ ဦး​သေဆုံးပြီး ၂၅ ဦးဒဏ်ရာရခဲ့​တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ထားပါတယ်။ - ရန်ကုန်တိုင်းက လူငယ်စုံတွဲတွေကို Sex Video ရိုက်ကူးပြီး အွန်လိုင်းမှာ Live လွှင့်ခဲ့တဲ့သူတွေကို လူကုန်ကူးမှုနဲ့ ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကပြောပါတယ်။ သင်္ဃန်းကျွန်းမြိုနယ်က လူငယ်စုံတွဲနဲ့ အခြားလူငယ်စုံတွဲနှစ်တွဲကို လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နဝဒေးအိမ်ရာအတွင်းက နေအိမ် တစ်အိမ်မှာ တရုတ်နိုင်ငံသားတွေက  Sex Video ရိုက်ကူးပြီး ချီထိုက် Application ကတစ်ဆင့် Live လွှင့်တင်ခဲ့ကြတာပါ။  - စစ်ကောင်စီဟာ စစ်မှုထမ်း အပတ်စဉ် (၁၆/၁၇) အတွက် မုံရွာမြို့ နန်ချွန်ဆိပ်ကမ်းနဲ့မုံရွာဇက်ဆိပ်တွေမှာ အရပ်ဝတ်တွေနဲ့ ကင်းထောက်လှမ်းပြီး စက်လှေတွေ ကမ်းကပ်ချိန်မှာ ပေါ်တာဆွဲဖမ်းဆီးမှုတွေပြုလုပ်နေတယ်လို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မ...

စဉ့်ကူးမြို့နယ်ကို စစ်ကောင်စီဗုံးကြဲ အရပ်သား ၂၄ ဦးသေဆုံး (Podcast)

 အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။  -မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း အရပ်သား ၂၄ ဦးသေဆုံး ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ကထုတ်ပြန်ပါတယ်။  -ရှမ်းပြည်နယ် ၊ ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ကြောင့် ကလေးငယ်အပါအဝင် အရပ်သား (၆)ဦးသေဆုံးပြီး (၇)ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ တအာင်းတပ် TNLA ကထုတ်ပြန်ပါတယ်။  Bagan News  အမျိုးသားညီညွတ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်တဲ့ တာဝန်ရှိသူတွေဟာ NUG ထိန်းချုပ်နယ်မြေတွေကို သွားရောက်ပြီး ဒေသခံ ပြည်သူတွေ တော်လှန်ရေးရဲဘော်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မန္တလေးတိုင်း ၊ စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ ရဲစခန်းနဲ့ ရွှေပန်တောကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် စုစုပေါင်း အရပ်သား ၂၄ ဦးသေဆုံး ခဲ့တယ်လို့ ပြည...

စစ်ကောင်စီ သင်္ဘော ပစ်ခတ်လို့ နေအိမ်တွေ မီးလောင် (Podcast)

- မန္တလေး ဂေါ်ဝန် ဆိပ်ကမ်းကနေ ဧရာဝတီမြစ် အထက်ကို ဆန်တက်နေတဲ့ စစ်ကောင်စီ သင်္ဘောတစ်စီးက ပစ်ခတ်ခဲ့တာကြောင့်  ဝက်လက်မြို့နယ် အင်းဒေါင်းရွာက နေအိမ် ၂ လုံး နဲ့ ပဲမှော်စင် ၂ လုံး မီးလောင်ပျက်စီး - နိုင်ငံရေး အကျဉ်းသူ မဝတ်ရည်အောင်ရဲ့ ဈာပနကို မနေ့က ဇူလိူင်လ ၂၂ ရက် မနက်ပိုင်းမှာ ရန်ကုန်မြို့ရေဝေးသုဿန်မှာကျင်းပ - ထောင်တွင်းမှာ ကျန်းမာရေးကြောင့် သေဆုံးမှုတွေ ထပ်မံမဖြစ်ပေါ်စေဖို့ အသက်တွေကိုပိတ်မထားနဲ့ဖွင့်ပေး တောင်းဆိုလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပေးကြဖို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)ကတောင်းဆို - အပူပိုင်း“ဝီဖာ”မုန်တိုင်းက ပြတ်ထွက် လာတဲ့ တိမ်တိုက်တွေကြောင့်   ဇူလိူင် ၂၃ ရက်ကနေ ၂၈ ရက်အတွင်းနေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်

စစ်ကောင်စီ တိုက်လေယာဉ်တစ်စင်းကို ကရင်နီတပ်ပေါင်းစုံ ပစ်ချ (Podcast)

- စစ်ကောင်စီရဲ့ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား တိုက်လေယာဉ်တစ်စင်းကို မနေ့က ဇူလိူင် ၂ ရက်နေ့ မနက်ပိုင်းမှာ ပစ်ချနိုင်ခဲ့တယ်လို့  ကရင်နီတပ်ပေါင်းစုံ တော်လှန်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။  - ကချင်ပြည်နယ်က အရပ်သား ၁၇ ဦးကို ဇွန်လအတွင်းမှာ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့  Kachin Human Rights Watch ကထုတ်ပြန်ပါတယ်။  - ပဲခူးမြို့မှာ လာမယ့် ၂၄ နာရီအတွင်း ပဲခူးမြစ်ရေဟာ စိုးရိမ်ရေမှတ်ရောက်နိုင်ပြီး ရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနက ထုတ်ပြန်ပါတယ်။ စသည့်သတင်းများကြည့်ရူနိုင်ပါသည်။  # Bagannews

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်အချုပ်ထောင်မှာမရှိ (Podcast)

 ဇွန် ၂၈ / Bagan News - နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်အချုပ်ထောင်နဲ့ (၁၄)မိုင်အကွာ မှာရှိတဲ့ စစ်ဆင်ရေးအထူးအဖွဲ့ ရုံးစိုက်တဲ့နေရာမှာ လုံခြုံရေးတင်းကြပ်စွာနဲ့ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့  မြန်မာ့အကျဉ်းထောင်သက်သေ(MPW)အဖွဲ့က ဒီကနေ့ ဇွန်လ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။  ဒေါ်အောင်ဆန်းစုကြည်ဟာ အခြေခံအကျဉ်းသားအခွင့်အရေးဖြစ်တဲ့ ထောင်ဝင်စာဧည့်တွေ့ခွင့်မရရှိပဲ အကျဉ်းသားအခွင့်အရေး ချိုးဖောက်ခံနေရတယ်လို့ သိရပါတယ်။  - စစ်​ကောင်စီ ရိက္ခာပို့ယာဉ်တန်းဟာ ပခုက္ကူမြို့နဲ့ ပေါက်မြို့ကြား  လမ်းတ​လျောက် ကျေးရွာတွေကို စစ်​ကြောင်းထိုး လုယက်နေတယ်လို့ People's Democratic Army ကထုတ်ပြန်ပါတယ်။  - မွန်ပြည်နယ် ဘီးလင်းမြို့မှာ လာမယ့် ၄၈ နာရီအတွင်း  စိုးရိမ်ရေမှတ်ရောက်ပြီး ရေကြီးနိုင်တယ်လို့ မိုး၊ဇလဌာနကထုတ်ပြန်ပါတယ်။  Telegram  https://t.me/bagannews

ကျုံဒိုးမြို့နယ် တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၃ဝ ကျော်သေဆုံး (Podcast)

 

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ လွတ်မြောက်ရေး ပန်းသပိတ်ပြုလုပ် (Podcast)

 

မြိုင်မြို့နယ်မှာ စစ်ကောင်စီဗုံးကြဲလို့ စစ်ရှောင် ၁ ဦးသေပြီး ၁ဝ ဦးဒဏ်ရာရ (Podcast)

 

မြန်မာမှာ သတင်းထောက် ၅၁ ဦး ဖမ်းဆီး ထောင်ချခံထားရ (Podcast)

 

မြန်မာနိုင်ငံမှာ မှတ်တမ်းတင်ခြင်းမရှိသေးတဲ့ မြွေဝံပုလွေ မျိုးစိတ်သစ်တွေ့ (PODCAST)

 

မုံရွာထောင်က ပြောင်းရွှေ့‌လာတဲ့ နိုင်ကျဉ်းတွေကို မန္တလေးအိုးဘိုထောင်အာဏာပိုင်တွေရိုက်နှက်(PODCAST)

 

ကော့ကရိတ် ပိုင်ရပ်ရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်လို့ ၅ ဦးသေဆုံး (Bagan News Podcast)

 ဇွန် ၁၂ - Bagan News / Podcast - ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပိုင်ရပ်ရွာကို  စစ်အုပ်စုက ဇွန်လ(၉)ရက်နေ့မှာ လေတပ်က  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ(၅)ဦးသေဆုံးပြီး (၂၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဒီကနေ့မှာထုတ်ပြန်ပါတယ်။ - ဆေးကုသခွင့် လုံလောက်စွာမရတာကြောင့် သာယာဝတီအကျဉ်းထောင်က နိုင်ငံရေးအကျဉ်းသားတစ်ဦးကျဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ပါတယ်။  လှည်းကူးမြို့နယ်မှာ ၂ဝ၂၁ ခုနှစ် ၁၁ လပိုင်း ၁ဝ ရက်နေ့က ပုဒ်မ ၅ဝ နဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁ဝ နှစ် ချမှတ်ခံရတဲ့ ဦးကျော်စိုး ကျဆုံးခဲ့တာပါ။ - တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း“ဝူတစ်”ကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားမှာ မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုး၊ဇလက ဌာနက ဒီကနေ့ထုတ်ပြန်ပါတယ်။  အပူပိုင်းမုန်တိုင်းကြောင့် မနက်ဖြန်မနက်အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)တွေမှာနေရာကျဲကျဲ ရွာသွန်းနိုင်ပါတယ်။  နေပြည်တော်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှာ နေရာစိပ်စိပ်ရ...

ပုလဲမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသခံ ၂ဝ,ဝဝဝ ကျော် စစ်ဘေးရှောင်နေရ (Podcast)

  Bagan News - နေ့စဉ်သတင်း (Podcast) v ဇွန် ၁၁ - Bagan News / Podcast ထိုင်း-မြန်မာနယ်စပ် တနင်းင်္သာရီတိုင်း မြိတ်−ထားဝယ်ခရိုင် အတွင်းမှာရှိတဲ့ အမိုနယ်စပ် ပွိုင့် ၂၅၆၆ ရှေ့တန်းစခန်းကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)တော်လှန်ရေးပူးပေါင်းတပ်တွေက ဇွန်လ ၁ဝ ရက်နေ့မှာသိမ်းပိုက်ခဲ့ပါတယ်။ စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲများကြောင့် ဒေသခံ ၂ဝ,ဝဝဝ ကျော် စစ်ဘေးရှောင်နေရတယ်လို့ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ မနေ့က ဇွန်လ ၁ဝ ရက်နေ့မှာ ဗုံးလာကျဲတဲ့ ဂျက်ဖိုက်တာတစီးကို တော်လှန်ရေးတပ်တွေက ပစ်ချဖျက်ဆီးခဲ့ပါတယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံ‌လေ အားအလွန်ကောင်းနေတာကြောင့် ဇွန်လ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ မိုးဇလဌာနက ထုတ်ပြန်ပါတယ်။ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ၁၄ ခုစလုံးမှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့သိရပါတယ်။

အင်းဝတွင် ငလျင်ဒဏ်ထိ ရှေးဟောင်းအဆောက်အအုံများ ပြန်လည်ပြုပြင်

မန္တလေးတိုင်းဒေသကြီး၊ အင်းဝဒေမှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနက ထုတ်ပြန်ပါတယ်။ ရှေးဟောင်း သုတေသနဌာနက အဖွဲ့တွေက Assessment ကောက်ယူခြင်း၊ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ အမိုးအကာပြုပြင်ခြင်းလုပ်ငန်းနှင့် အရေးပေါ်ပြုပြင်ခြင်း လုပ်ငန်းတွေကို ဒေသခံပြည်သူတွေနဲ့ ပူးပေါင်း ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။ “ရှေးဟောင်းဘုရားများ သန့်ရှင်းရေး အဖွဲ့(ရန်ကုန်)”ကလဲ တောင်ပေါ်သာ ဘုရားဝင်းက ဘုရားနှစ်ဆူ ၊စန္ဒာမုနိဘုရား၊ ဒေါ်ဂျမ်းစုဘုရားဝင်း၊ သစ္စာတိုက်ဘုရား ၊ဆုထူးပန်ဘုရား ၊ ခဲသင်ဘုရားဝင်း၊လောကထိပ်ဦးဘုရား ၊ ရွှေစည်းခုံဘုရား၊ သက်တော်ရ သက်တော်ရှည် အနီးဘုရားငယ်များ၊ ကျောက်တော်ကြီးဘုရားသုံးဆူ ၊ တောင်တွင်းဘုရားနဲ့ ပင်းယဂူကြီး(၃)လုံးမှာ သန့်ရှင်းရေးလုပ်ငန်းများ၊ အမိုးအကာ အုပ်မိုးခြင်း လုပ်ငန်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။ Photo - deptarnmnpt - Bagan News

ရန်ကုန် ဧရာဝတီ တနင်္သာရီတိုင်းနှင့် ကရင် မွန်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်

 ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေသောကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည်။  ယနေ့ညနေအထိ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်းတို့တွင် နေရာကွက်ကျား၊ ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်းသိရသည်။  ထို့ပြင် တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် မိုးတိမ်တောင်များကြောင့် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုး၊ဇလဌာနကထုတ်ပြန်သည်။  လာမည့်၂ ရက်အတွင်း တနင်္သာရီတိုင်းဒေသကြီး၊...

အိုးဘိုထောင်တွင် ငလျင်ကြောင့် ၄ ဦးသေဆုံး ဒဏ်ရာရရှိသူများအား ဆေးကုသခွင့် ကန့်သတ်

 မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် မတ်လ ၂၈ ရက်နေ့က ငလျင်ဒဏ်ကြောင့် ၄ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ပြင်းထန်သူများအား ဆေးကုသခွင့် ကန့်သတ်ခြင်းခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှထုတ်ပြန်သည်။  ငလျင်ကြောင့် အိုးဘိုထောင်ရှိ အမျိုးသမီးအဆောင်များဖြစ်သည့် အဆောင်(၁)/(၂)နှင့် အမျိုးသမီးဆေးရုံဆောင်များပြိုကျပျက်စီးခဲ့ပြီး အမျိုးသားအဆောင်အလုပ်ရုံအပါအဝင် အဆောင်များနှင့် ကာရံထားသည့် အုတ်ရိုးများပြိုကျခဲ့သည်။ ထို့ပြင်ငလျင်ကြောင့်  စိုးရိမ်ရသူ(၉)ဦးရှိပြီး ဆေးရုံတက်ရန်လိုအပ်သူ(၄ဝ)ကျော်ရှိသည်။  အချို့ထိခိုက်ဒဏ်ရာများသည် အကျဉ်းထောင်များတွင် ကုသရန်မလွယ်ကူ၍ ပြင်ပဆေးရုံသို့ ပို့ဆောင်ရန် လိုအပ်လျှက်ရှိသော်လည်း ကုသခွင့်မရပဲ ယနေ့အချိန်ထိ ကန့်သတ်ခံထားရကြောင်း PPNMမှထုတ်ပြန်သည်။  ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူများမှာ မိသားစုဝင်များနှင့် ဆက်သွယ်တွေ့ဆုံခွင့်မရသည့် အခြေအနေများလည်း ရင်ဆိုင်ကြုံတွေ့နေရသည်။ အိုးဘိုထောင်တွင် ဆေးဝါးလိုအပ်ချက်များစွာရှိနေပြီး အရက်ပြန်၊ဂွမ်း၊အနာကျက်ဆေးရည်၊ပတ်တီး စသည့် ဆေးဝါးပစ္စည်းများလိုအပ်လျှက်ရှိကြောင်း  PPNMမှထုတ်ပြန်သည်...

ငလျင်ကြောင့် အင်းလေး ဒေသခံ ၄၆ ဦး သေဆုံး

ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ် အင်းလေးဒေသ ကေလာကျေးရွာနှင့် ဇရပ်ကြီးရွာတွင် ဒေသခံ ၄၆ ဦး သေဆုံးခဲ့ကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့မှသိရသည်။   ကေလာကျေးရွာတွင် စုစုပေါင်းအိမ်ခြေ ၁ဝ၅၇ လုံးရှိပြီး ငလျင်ကြောင့် အိမ်ခြေ ၈၁၈ လုံးပျက်စီးခဲ့ကာဒေသခံ ၄၁ ဦးသေဆုံးခဲ့သည်။  ဌင်းပြင်  ဇရပ်ကြီးရွာရှိ အိမ်ခြေ ၁၃၅ လုံးတွင် ငလျင်ကြောင့် အိမ်ခြေ ၁၃၂ လုံးပျက်စီးခဲ့ ပြီး ဒေသခံ ၅ ဦး သေဆုံး ခဲ့သည်။                ယမန်နေ့ မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့်  ရှမ်းပြည်နယ် တောင်ပိုင်း ၊ညောင်ရွှေ မြို့နယ်ရှိ စံကားအင်းဒေသ စေတီပုထိုးများ ပြိုကျပျက်စီးမှုများရှိခဲ့သည်။  မတ်လ (၂၈)ရက်နေ့တွင် ငလျင်လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁ဝဝဝ ကျော်ရှိကြောင်း စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင်ထုတ်ပြန်သည်။  ဓာတ်ပုံ - အင်းလေးဒေသလူ့အခွင့်အရေး Bagan News Agency 

ငလျင်ကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိ

မန္တလေးမြို့အနီးတွင် ယနေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်ခန့်တွင် လူပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် တနိုင်ငံလုံးတွင် သေဆုံးသူ ၁၄၄ ဦးရှိပြီး ဒဏ်ရာရရှိသူ ၁၄၆၄ ဦးရှိသည်ဟု စစ်ကောင်စီခေါင်းဆောင်က ယနေ့ ထုတ်ပြန်ပြောဆိုသည်။ စစ်ကောင်စီထုတ်ပြန်ချက်အရ နေပြည်တော်ကောင်စီနယ်မြေတွင် သေဆုံးသူ ၉၆ ဦး ၊ စစ်ကိုင်းတွင် ၁၈ ဦး၊ ကျောက်ဆည်တွင် ၃ဝ ဦးရှိသည်။ ဒဏ်ရာရရှိသူများမှာ နေပြည်တော်ကောင်စီနယ်မြေတွင် ၄၃၂ ဦး၊ စစ်ကိုင်းတွင် ၃ဝဝ ဦးနှင့် ကျောက်ဆည်တွင် ၇၃၂ ဦးရှိသည်။ ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်နှင့်နောက်ဆက်တွဲ ငလျင်များကြောင့် မန္တလေးမြို့၌ နေအိမ်အချို့ ပြိုကျပျက်စီးမှုများရှိခဲ့ပြီးမဟာမြတ်မုနိဘုရားမုဒ်ဦး၊မန္တလေး တက္ကသိုလ်အဆောက်အအုံ၊ နန်းမြို့ရိုးနေရာ၊ မစိုးရိမ်ဓမ္မရက္ခိတကျောင်း အချို့ပြိုကျပျက်စီးခဲ့သည်။ မန္တလေးဒေသခံတဦးကလည်း ငလျင်လူပ်ချိန်ကြာမြင့်နေသည့်အတွက် တိုက်အောက်ဆင်းပြေးခဲ့ရကြောင်း ပြောသည်။ ဌင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်းလည်း ယနေ့ ကျိုးကျခဲ့သည်။ မန္တလေးမြို့အနီးတွင် ယနေ့ မတ်လ ၂၈ ရက် တရက်အတွင်း ငလျင် ၅ ...

စဉ့်ကူးမြို့နယ် သယံဇာတလုပ်ငန်းအချို့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်အတွင်းရှိ သယံဇာတလုပ်ငန်းအချို့ရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာများအသုံးပြုပြီး လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ မတ်လ (၂၄)ရက်နေ့ ညတွင် စစ်ကောင်စီက စဉ့်ကူးမြို့နယ်အား ဂျက်ဖိုက်တာ(၅)စီးခန့် အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY_PDF ကထုတ်ပြန်သည်။  စဉ့်ကူးမြို့နယ်ရှိ မာလဲနတ်တောင်ဆည် ၊ ဇိုက်ချောင်းကျေးရွာ ၊ ထောက်ကြံ့ပင်ကျေးရွာ နှင့် ကံတောင်ကျေးရွာ တိုအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ဒေသခံပြည်သူများ အလုပ်လုပ်ကိုင်ရာ သယံဇာတလုပ်ငန်းအချို့အား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း MDY_PDF ကပြောသည်။  ဌင်း လေကြောင်းတိုက်ခိုက်မှုများကြောင့်  ကျား(၁) ဦး နှင့် မ(၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံများမှသိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင်  စစ်ကောင်စီ၏ မပေါက်ကွဲခဲ့သော လေယာဉ်ဗုံးအချို့ရှိခဲ့ပြီး    ရှင်းလင်းဖယ်ရှားခဲ့ ကြောင်း MDY_PDF က ထုတ်ပြန်သည်။  မန္တလေးတိုင်း စဉ့်ကူးမြို့နယ်အတွင်းရှိ စစ်ကောင်စီ စခန်းများအားလုံးနှင့်စဉ့်ကူးမြို့ကို MDY - P...

ဂန့်ဂေါ နှမ်းခါးရွာ ဆေးပေးခန်း လေကြောင်းတိုက်ခိုက်ခံရ အရပ်သား ၁၁ ဦးသေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း နှမ်းခါးကျေးရွာအတွင်းရှိ ဆေးပေးခန်းကို ယမန်နေ့ (မတ်လ ၂၂ ရက်နေ့) မနက် ၈ နာရီ ၃၈ မိနစ်ခန့်တွင် စစ်ကောင်စီတပ်မှဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သား ၁၁ ဦး သေဆုံးခဲ့ကြောင်း ယောအလင်းတန်းအဖွဲ့မှသိရသည်။  ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်းအတွင်း ဆေးဝါးကုသပေးနေသော ဆရာဝန်နှင့် မိသားစု ၃ ဦးအပါအဝင် ဆေးခန်းပြသူ ‌၈ ဦး  စုစုပေါင်း ၁၁ ဦးသေဆုံးကာ ‌ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။  "မနက်က ၈နာရီခွဲကျော်ကျော်လောက်မှာ လေကြောင်းနဲ့လာကြဲသွားတာ။ အချိန်က ဆေးခန်းပြတဲ့အချိန်ဆိုတော့ ဆေးခန်းထဲမှာရောက်နေတဲ့ လူနာတွေရော ဆရာဝန်မိသားစုရော စုစုပေါင်း ၁၁ လောင်း တွေ့ရပြီ။ ဒီထက်ပိုမပိုတော့ မပြောနိုင်သေးဘူး။ သေဆုံးသွားတဲ့အထဲမှာဆို  ကလေးငယ် ၅ယောက်လောက်အထိပါနေတယ်ဗျာ"ဟု ဒေသခံတဦးကပြောသည်။  ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် ဆေးပေးခန်း မီးလောင်ပျက်စီးခဲ့ပြီး အနီးနားရှိ လူနေအိမ်အများအပြား ပြိုကျပျက်စီး ခဲ့သည်။  ယောဒေသတွင် ‌၂၀၂၅ ခုနှစ် မတ်လ တလအတွင်း လေကြောင်းတိုက်ခံရမှုကြောင့် ကန်ရွာမှ အရပ်သား  ၄ ဦး၊ မြစ်သာဆည်ပေါ်လေကြောင်းတိုက်...

နောင်ချိုတွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃာတော်အပါ ၉ ဦး သေဆုံး

ရှမ်းပြည်နယ် နောင်ချိုမြို၊ စိန်ရတနာ ပရိယတ္တိစာသင်တိုက်အား ယမန်နေ့(မတ်-၁၆)ရက်  ညနေတွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် သံဃာတော်အပါအဝင် ၉ ဦး သေဆုံး ခဲ့သည်။ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့်ပေါင် (၂၅ဝ) ဗုံး (၄)လုံးနှင့် စက်သေနတ်များ ဖြင့်လာရောက်ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တအာင်းတပ် TNLA ကထုတ်ပြန်သည်။  ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းစာသင်တိုက်အတွင်းရှိသော ရဟန်း (၂)ပါး၊သာမဏေ (၄)ပါး၊ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး (၂)ဦးအပါအဝင် စုစုပေါင်း (၉)ဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။ ၎င်းနောက် သံဃာတော် (၁၃)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု (၄)ဦး ဒဏ်ရာရရှိခဲ့သည်။ နေအိမ်နှင့် ကျောင်းဆောင်အများအပြားလည်း ဗုံးကြောင့် ထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်၏ ဗုံးကြဲချမှုကြောင့် ဒဏ်ရာရရှိခဲ့သည့်လူနာများကို TNLA တာဝန်ရှိသူများနှင့် ပြည်သူများမှ ဝိုင်းဝန်းပြီး ဆေးကုသရန် ပိုဆောင်ပေးခဲ့သည်။ စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဦးတည် ဗုံးကြဲတိုက်ခိုက်နေကြောင်း ကထုတ်ပြန်သည်။  Bagan News 

Civil Society Organizations Oppose Dawei Project Cooperation with Russian Government

Myanmar Civil society organizations and political groups in the Tanintharyi Region have issued a statement opposing the cooperation between the Russian government and the military council on the Dawei Project. On February 23, Russian Economic Development Minister Maxim Reshetnikov and Myanmar Military Council Minister Dr. Kan Zaw signed an agreement for Russian investment in the Dawei Special Economic Zone project, which includes coal-fired power plants and oil refineries. EPA photo/Archive The Dawei Deep Sea Port Project was initially implemented in 2012 through an agreement between the Thai and Myanmar governments. It later evolved into a joint project between Myanmar, Thailand, and Japan.  Still, it was suspended due to human rights violations, including forced land confiscation, pressure on local indigenous people to relocate forcibly, and corruption. Now, the military council is attempting to revive the project in cooperation with the Russian government.    Draft ima...

စစ်ကောင်စီတပ် လေကြောင်း တိုက်ခိုက်မှုကြောင့် မူးမြို့နယ် အရပ်သား ၃ ဦး သေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်(လယ်ဒို)နှင့်နှင့် မူးမြို့နယ်အတွင်း တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် အရပ်သား ၃ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ် ၈ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုမှထုတ်ပြန်သည်။ ထုတ်ပြန်ချက်အရ မတ်လ ၆ ရက် နေ့ညနေတွင် စစ်ကောင်စီ တောင်ငူလေတပ်မှ ဂျက်ဖိုင်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်  မူးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာနေ အမျိုးသမီး၁ ဦးသေဆုံးခဲ့သည်။ ဌင်နေ့တွင် စစ်ကောင်စီတပ်မှ မကျည်းတောကျေးရွာအတွင်း ထပ်မံပစ်ခတ်ခဲ့ရာ ၎င်းကျေးရွာနေ အရပ်သား ၂ ဦးသေဆုံးခဲ့သည်။  လယ်ဒိုမြို့နယ် တရေးစီလော်(နရွဲပင်) ကျေးရွာအား မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ် လေတပ်မှ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်(၁)လုံးထိမှန်ပျက်စီးခဲ့သည်။ စစ်ကောင်စီတပ်သည်  မတ်လ ၄ ရက်နှင့် ၅ ရက်များတွင် ကရင်ပြည်နယ်၊ ကော့ကရိတ် မြို့နယ် အတွင်းရှိ အစွန်းကျေးရွာ ၊ ဘော့ဒိုင်းကျေးရွာများအား လေကြောင်း တိုက်ခိုက်မှုကြောင့်  စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃ လုံး အပါအဝင် အရပ်သား ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ဓါတ်ပုံ − စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိ...

စစ်အုပ်စု ပစ်ခတ်မှုကြောင့် အမျိုးသမီး ၁၁၈ ဦးသေဆုံး

ဇန်နဝါရီလ ၁ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စုကြောင့် အမျိုးသမီး (၁၁၈) သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)မှ ထုတ်ပြန်သည်။ ဌင်းထဲတွင် အသက် ၃ နှစ်အရွယ် မိန်းကလေးနှစ်ဦးအပါအဝင် အသက် ၁၈ နှစ်အောက်ကလေးငယ်  (၁၇) ဦး ပါဝင်သည်။  သေဆုံးသူများအနက် စစ်ကိုင်းတိုင်းမှာ (၂၆) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၂၄) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်သည်။  အဆိုပါ (၁၁၈) ဦးတွင် (၉၂) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး (၂၁) ဦးမှာ  လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒုတိယအများဆုံးသေဆုံးခဲ့သည်။ ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၊ ညနေ တွင် ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းကျေးရွာအုပ်စု၊ ငထွေစုတ်ကျေးရွာကို စစ်အုပ်စု၏ တောင်ငူလေတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ တဦး ဗုံးစထိမှန် သေဆုံးခဲ့သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ၂၀၂၅ ခုနှစ် မတ်လ ၆ ရက်နေ့အထိ စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေ...

ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲပြင်းထန်ပြီး MBT ဌာနချုပ် လက်လွှတ်လိုက်ရ

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်အရှေ့ဘက် ရေလယ်ကျွန်းဒေသတွင် စစ်ကောင်စီတပ်နှင့် ၈ ရက်ကြာတိုက်ပွဲပြင်းထန်ပြီးနောက်  Myingyan Black Tiger (MBT)တပ်ဖွဲ့ဌာနချုပ်ကို လက်လွှတ်လိုက်ရသည်။ ဖေဖော်ဝါရီလ ၂၆ရက်နေ့မှ မတ်လ ၅ ရက်နေ့အထိ Myingyan Black Tiger (MBT)တပ်ဖွဲ့နှင့် စစ်ကောင်စီ ပူးပေါင်းတပ် အကြား ရေလယ်ကျွန်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယမန်နေ့ မတ်လ ၅ ရက်နေ့တွင် ဇရပ်နီကျေးရွာ၏ မြောက်ဘက်တွင် MBT တပ်ဖွဲ့နှ့င့် စစ်ကောင်စီတပ်တို့ နောက်ဆုံးအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဌာနချုပ် တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း ဌင်းတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။  ဌင်းပြင် မတ်လ ၅ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဇရပ်နီကျေးရွာ၏ မြောက်ဘက်အားလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့သည်။  ခဲယမ်းပျက်တောက်မှုနှင့် မဟာမိတ်တပ်များ စစ်ကူလာရန် လမ်းကြောင်းခက်ခဲမှုကြောင့် ဌာနချုပ်တပ်စခန်းအား လက်လွှတ်လိုက်ရကြောင်း MBTတပ်ဖွဲ့ကပြောသည်။  ၎င်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား (၁ဝ)ဦးထက်မနည်း သေဆုံးခဲ့ပြီး  ပြည်သူများ အန္တရယ်ကင်းစွာ ရှောင်တိမ်းရန် ခုခံကာကွယ်နိုင်ခဲ့ကြောင်း MBTတပ်ဖွဲ့ကထုတ်ပြန်သည်။  အင်အား...

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၃ ဦးသေဆုံး

တအာင်းတပ်မတော် TNLA  ထိန်းချုပ်ထားသော မြို့များတွင် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား (၁၃)ဦး သေဆုံးကာ(၃၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း TNLA ကထုတ်ပြန်သည်။  ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီလ ၆ ရက်တွင် နောင်ချိုမြို့ သပြေတောင်ရပ်ကွက်အား စစ်ကောင်စီတပ်မှ ဗုံး (၁)လုံး ကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၁)ဦး ဒဏ်ရာရရှိပြီး နေအိမ် (၅)လုံး ပျက်စီးခဲ့သည်။  Photo - TNLA ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် စစ်ကောင်စီတပ်မှ မိုးကုတ်မြို့အနောက်ပိုင်း ဝန်းထရံရပ်ကွက်အား လေကြောင်းကိုအသုံးပြုပြီး ဗုံး (၂ဝ)လုံး ကြဲချမှုကြောင့် အရပ်သား(၅)ဦး သေဆုံးခဲ့ကာ (၁၉)ဦး ဒဏ်ရာရရှိခဲ့သည်။ ဖေဖော်ဝါရီလ ၂ဝ ရက်တွင် နောင်ချိုမြို့ ဘူတာရပ်ကွက်နှင့် ပြည်သူ့ဆေးရုံပေါ်သို့ စစ်ကောင်စီတပ်မှ ဗုံး (၂)လုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အလားတူ မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံး (၂)လုံး ကြဲချမှုကြောင့်အရပ်သား (၃)ဦး သေဆုံးခဲ့ပြီး (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂ဝ ရက်ကလည်း နောင်ချိုမြိ...

မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေး

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်တခုကို KNLA တပ်ဖွဲ့ကတိုက်ခိုက်မှုကြောင့် မြန်မာစစ်ဘေးရှောင် ၄ဝဝ ကျော် ထိုင်းဘက်ခြမ်း ထွက်ပြေးလာခဲ့ကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။ ယမန်နေ့(ဖေဖော်ဝါရီ ၂၈)ရက်တွင် ထိုင်း-မြန်မာနယ်စပ် နယ်ခြားမျဉ်းမှ ၈ဝဝ မီတာအကွာရှိ ပလူတူ စခန်းကို KNLA တပ်ဖွဲ့များ ကတိုက်ခိုက်ခဲ့သည်ဟုသတင်းတွင်ရေးသားသည်။  ဓာတ်ပုံ - The Reporters  ဌင်းနေရာသည် ထိုင်းနိုင်ငံ၊ တက်ခရိုင်၊ မေအူဆူမြို့နယ်ခွဲ၊ နောင်ဘူဝါရွာနှင့် ကပ်လျက်ရှိသည်။ တိုက်ပွဲကြောင့် မြန်မာဘက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်စုစုပေါင်းမှာ ၄၃၆ ဦး  ထွက်ပြေးလာကြပြီး နောင်ဘူဝါရွာရှိ ခရစ်ယာန်ဘုရားကျောင်း တွင် ယာယီထားရှိကြောင်း သိရသည်။  မြန်မာပြည်မှ ဒုက္ခသည်များကို ထိုင်းအာဏာပိုင်များမှ အစားအသောက်၊ အဝတ်အထည်နှင့် အခြားလိုအပ်သောပစ္စည်းများကို ပေးအပ်ခဲ့ကြောင်း ထိုင်းရီပိုတာသတင်းတွင်ဖော်ပြသည်။ Bagan News 

မုံရွာ MRTV အသံလွှင့်တာဝါတိုင်ကုန်း စခန်းအား သိမ်းပိုက် ရဲ ၁၁ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့နယ်၊ ခတက္ကန်ရွာ အရှေ့ဘက်ရှိ MRTV အသံလွှင့် တာဝါတိုင်ကုန်း (ဗောဓိတစ်ထောင်) စခန်းအား ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များက သိမ်းပိုက်ခဲ့သည်။ ဌင်းစခန်းတွင် အခြေချနေသော ရဲအင်အား (၁၇) ဦးရှိပြီး ကာကွယ်ရေး ပူးပေါင်း အဖွဲက တိုက်ခိုက်ခြင်းကြောင့် ရဲ (၁၁) ဦးသေဆုံးခဲ့သည်။ ဌင်းစခန်းမှ G-3 (၅) လက်၊ Uzi (၃) လက်၊ M-79 (၂) လက်၊ G-3 ကျည် (၂၅၇ဝ) တောင့်၊ 9mm ကျည် (၂၁၂၈) တောင့်၊ ၄၀ မမ ဗုံးသီး (၁၀) လုံး၊ ရှေ့ထွက်မိုင်း (၂) လုံး၊ ကျည်အိမ် (၆) ခု၊ TV (၁) လုံး သိမ်းဆည်းရမိသည်။ တိုက်ပွဲအတွင်း မုံရွာမြို့ နမခမှ Paramotor (၂) စီး၊ တံတားဦး လေတပ်မှ Mi-35 (၁) စီးဖြင့် လေကြောင်းပစ်ကူပေးခဲ့ပြီး အမတ-၅၀၈ မှ ၁၀၅ မမ၊ ၁၂၀ မမ တိုဖြင့် (၁၄) ကြိမ်ခန့် ပစ်ကူပေးခဲ့သည်။ ဌင်းစခန်းအား မုံရွာခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ မုံရွာခရိုင် လက်နက်ကြီးတပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း (၁၊ ၄၊ ၆၊ ၁၆၊ ၂၄၊ ၂၇)၊ ဗျူဟာ(၆၁၊၆၄) စစ်ကိုင်းခရိုင် တပ်ရင်း-၂ ဒရုန်းတပ်ဖွဲ (GTR)၊ မုံရွာခရိုင် ပကဖ တိုက်ခိုက်ရေးအဖွဲ (Danger Force LPDF)၊ မုံရွာခရိုင် ပကဖ ဒရုန်းအဖွဲ့၊ မ...