လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
မန္တလေးတိုင်း မိုးကုတ် နဲ့ရှန်းပြည်နယ်မြောက်ပိုင်း မိုးမိတ်ဒေသတွေမှာ ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း တိုက်ပွဲ ကြီးငယ်ပေါင်း (၁၇) ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က (၂၁) ဦး သေဆုံးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညမှာ ထုတ်ပြန်ပါတယ်။ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်မှုများခဲ့ပြီး ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်းတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆောင်ရွက်ပေးကာ စနစ်တကျ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မိုးကုတ် - မိုးမိတ်ဒေသ စစ်ဆင်ရေး စစ်ဦးစီးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ အရေးကြီး ပစ်မှတ်တွေကို အထူးစစ်ဆင်ရေးဖော်ဆောင်ပြီး ထိုးနှက်တိုက်ခိုက်နေတယ်လို့ NUG ကထုတ်ပြန်ပါတယ်။ မိုးကုတ်- မိုးမိတ်ဒေသအတွင်းမှာ နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကိုဆောင်ရွက်နေပြီးမူးယစ်ဆေးဝါး ရောင်းဝယ်တဲ့ တရားခံတွေကိုလည်း ဖမ်းဆီးနေတယ်လို့သိရပါတယ်။ - BAGAN NEWS