မွန်ပြည်နယ် ၊ ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်တပ်မှစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၃) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံးကထုတ်ပြန်ပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ ပြည်သူပိုင် နေအိမ် တွေကို ဖောက်ထွင်းမွေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် (၉) စီးခန်းကိုလည်း အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၉ ရွာက ပြည်သူ ၁၂,၉၃၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူကပြောပါတယ်။ ဖေဖော်ဝါရီလ (၇)ရက် နေ့မှာ အလူးလေးကျေးရွာ အုပ်စု ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေကိုစစ်တက်ကဝင်ရောက်ခဲ့ပြီး ခရွဲကျေးရွာအုပ်စုကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင် (၆၀) နှစ် ဇနီးဖြစ်သူ ဒေါ်မအေး (၆၅) နှစ် ၊ မုက္ခမော့ရွာမှ ဦးအေးသိန်း (၆၅) နှစ် တို့ (၃) ဦး အသက်သေဆုံးခဲ့ပါတယ်။ စစ်ကွင်းရွာခံ (၃) ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ပြီး အခိုင်ရွာနေ ဦးကြက်ဥ (၅၀) နှစ်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပ...
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရဟန်း၊သံဃာတော်များမှ ယနေ့ ဇွန်လ(၂၇)ရက်၊မနက်(၈)နာရီ ဝန်းကျင်၌ ပတ္တနိက္ကုဇ္ဇန ကံဆောင်မှုနှင့် မေတ္တာသုတ်ရွတ်ဖတ် ချီတက် ခဲ့ကြကြောင်းသိရသည်။ ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း ဆိုသည်မှာ သံဃာထုမှ စစ်အာဏာရှင်ကိုအဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည်။ စစ်ကောင်စီတပ်သည် ဇွန် ၁၉ ရက်တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးနင်းလိုက်ပါလာသည့်ကားအား မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်၌ ပစ်ခတ်ခဲ့ပြီး ဆရာတော် ပျံလွန်တော်မှုခဲ့သည်။ အလားတူ စစ်ကောင်စီတပ်သည် ဇွန် ၂၂ ရက်တွင်လည်း မြင်းခြံမြို့၊ ဆခမကျေးရွာက ဆရာတော် ဦးဥတ္တမကို ထပ်မံသတ်ဖြတ်ခဲ့သည်။ ထို့သို့ ရဟန်း၊သံဃာတော်များများအား စစ်ကောင်စီတပ်မှ သတ်ဖြတ်နေသည့် အတွက် သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်စတင် ပြုလုပ်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၃ရက်နေ့မှစတင်ကာ ချောင်းဦးမြို့နယ်ရှိ သံဃာတော်များမှ ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်မှုအားစတင်ပြုလုပ်ခဲ့ပြီး ၂၄ ရက်နေ့တွင် ဒီပဲယင်းမြို့နယ်ရှိ သံဃာတော်များ၊၂၅ ရက်နေ့တွင် တန့်ဆည်မြို့နယ်နှင့် ...