စစ်ကိုင်းတိုင်း ရေဦးခရိုင် ဒီပဲယင်းမြို့နယ် မရကန်ကျေးရွာကို စစ်တပ်ကလေကြောင်းကဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူ ၁၈ ယောက်ရှိလာတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ည ၈ နာရီခန့်က စစ်တပ်က လေကြောင်းက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ စစ်တပ်လေကြောင်းတိုက်ခိုက်တာကြောင့် မရကန်ကျေးရွာက အသက် ၂၂ ကနေ ၇၇ နှစ်အရွယ်အထိအမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၃ ယောက်သေဆုံးခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ ကျေးရွာလက်ဖက်ရည်ဆိုင်ကို စစ်တပ်ကဗုံးကြဲခဲ့တာကြောင့် ဆီးဂိမ်းဘောလုံးပွဲ ကြည့်ရူနေကြတဲ့သူတွေ အများဆုံးသေဆုံးခဲ့ကြတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဗုံးကြခဲ့တာကြောင့် မရကန်ကျေးရွာက နေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်အန္တရာယ်စိုးရိမ်ရသူတွလည်းရှိနေတယ်လို့ ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို လေကြောင်းက ပစ်ခတ်တိုက်ခိုက်နေတာကြောင့် လေကြောင်းအန္တရာယ် အထူးဂရုစိုက် နေထိုင်ကြဖို့ အသိပေးထားပါတယ်။ ဒီဇင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ ရ...
၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်သည်။ သတ်ဖြတ်ခြင်းခံခဲ့ရသူများအနက် မနိုလ်ဘယ်အေး(ဝေါမြို့နယ်တရားရုံးအပြန်)နှင့် ကိုလေးခွင်း(ဝေါမြို့နယ် တရားရုံးအပြန်)တို့သည် အမှုရင်ဆိုင်နေရစဉ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ Photo - PPNM ဌင်းပြင် ကိုဝင်းသီဟ(ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကိုမင်းသူ(ခ)မော်လဝီရှက်မင်း (ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ကိုအောင်ကျော်ဇင်(မုံရွာအမှတ်၁ရဲစခန်း)အား စစ်တပ်မှ ခေါ်ထုတ်သတ်ဖြတ်ခြင်းကြောင့် ကျဆုံးခဲ့ပြီး ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ် (မြင်းခြံထောင်)အား အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့သည်။ ထို့အတူ ကိုအောင်နိုင်ထွန်း (မြစ်ကြီးနားအကျဉ်းထောင်)နှင့် ကိုကျော်စိုးဝင်း (မြစ်ကြီးနားအကျဉ်းထောင်)တို့သည် အကျဉ်းထောင်အတွင်း ဝန်ထမ်းများ၏ သေနတ်ပစ...