အမျိုးသမီး ၂ ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကာ ၂ ဦး ပျောက်ဆုံးနေဆဲဖြစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ အောက်တိုဘာ တလအတွင်း စစ်တပ်က ပြည်သူ ၈၀ ခန့်ကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့(ကန့်ဘလူခရိုင်)ကပြောပါတယ်။ အောက်တိုဘာမှာပဲ စစ်တပ်က အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေတယ်လို့ မြေပြင်တော်လှန်ရေးအဖွဲ့အစည်းတွေထံက သိရပါတယ်။ ပေါ်တာဆွဲ ဖမ်းခံရတဲ့သူတွေဟာ ထန်းတပင်ရွာက (၂၉) ဦး၊ ဇီးကုန်းရွာက (၁၈) ဦးနဲ့ ရွှေဘို- မြစ်ကြီးနား ဗျူဟာလမ်း စံပါယ်နံ့သာ ပျူအထိုင်စခန်းမှာ (၃၀) ဦးထက် မနည်း ဖမ်းဆီးခံရတာဖြစ်တယ်လို့ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ အောက်တိုဘာ ၉ ရက်က ဇီးကုန်းသကြားစက်က ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာထန်းတပင်ရွာကို ဝင်ရောက်ပြီး အမျိုးသမီးတဦးကို အဓမ္မပြုကျင့် မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။ အဲ့ဒီရက်မှာပဲ အမျိုးသာ (၂၉) ဦးကို ကန့်ဘလူ ၆၀၀၆ တပ်ကို ပေါ်တာဆွဲဖမ်းဆီးသွားပါတယ်။သူတို့တွေကို အောက်တိုဘာ ၂၅ ရက်မှာ စစ်တပ်က Mi 17 လေယာဉ်နဲ့ စစ်သင်တန်းပေးဖို့ အဓမ္မ ပေါ်တာဆွဲ ...
၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်သည်။ သတ်ဖြတ်ခြင်းခံခဲ့ရသူများအနက် မနိုလ်ဘယ်အေး(ဝေါမြို့နယ်တရားရုံးအပြန်)နှင့် ကိုလေးခွင်း(ဝေါမြို့နယ် တရားရုံးအပြန်)တို့သည် အမှုရင်ဆိုင်နေရစဉ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ Photo - PPNM ဌင်းပြင် ကိုဝင်းသီဟ(ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကိုမင်းသူ(ခ)မော်လဝီရှက်မင်း (ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ကိုအောင်ကျော်ဇင်(မုံရွာအမှတ်၁ရဲစခန်း)အား စစ်တပ်မှ ခေါ်ထုတ်သတ်ဖြတ်ခြင်းကြောင့် ကျဆုံးခဲ့ပြီး ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ် (မြင်းခြံထောင်)အား အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့သည်။ ထို့အတူ ကိုအောင်နိုင်ထွန်း (မြစ်ကြီးနားအကျဉ်းထောင်)နှင့် ကိုကျော်စိုးဝင်း (မြစ်ကြီးနားအကျဉ်းထောင်)တို့သည် အကျဉ်းထောင်အတွင်း ဝန်ထမ်းများ၏ သေနတ်ပစ...