လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
၂ဝ၂၄ ခုနှစ်အတွင်း အကျဉ်းထောင်နှင့် ထောင်ပြင်ပတွင် ဥပဒေမဲ့သတ်ဖြတ်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူ (၉)ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)မှ ထုတ်ပြန်သည်။ သတ်ဖြတ်ခြင်းခံခဲ့ရသူများအနက် မနိုလ်ဘယ်အေး(ဝေါမြို့နယ်တရားရုံးအပြန်)နှင့် ကိုလေးခွင်း(ဝေါမြို့နယ် တရားရုံးအပြန်)တို့သည် အမှုရင်ဆိုင်နေရစဉ် ဥပဒေမဲ့ သတ်ဖြတ်ခြင်းခံခဲ့ရခြင်းဖြစ်သည်။ Photo - PPNM ဌင်းပြင် ကိုဝင်းသီဟ(ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရပြီး ကိုမင်းသူ(ခ)မော်လဝီရှက်မင်း (ထားဝယ်အကျဉ်းထောင်)အား ထားဝယ်အကျဉ်းထောင်တွင်းမှ ခေါ်ထုတ်သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း သိရသည်။ ကိုအောင်ကျော်ဇင်(မုံရွာအမှတ်၁ရဲစခန်း)အား စစ်တပ်မှ ခေါ်ထုတ်သတ်ဖြတ်ခြင်းကြောင့် ကျဆုံးခဲ့ပြီး ကိုနိုင်ဝင်းထွန်း(ခ)ဖားပြုတ် (မြင်းခြံထောင်)အား အကျဉ်းဦးစီးအရာရှိမှ ညှဉ်းပန်းနှိပ်စက် ရိုက်နှက်မှုကြောင့် အကျဉ်းထောင်တွင်း ကျဆုံးခဲ့သည်။ ထို့အတူ ကိုအောင်နိုင်ထွန်း (မြစ်ကြီးနားအကျဉ်းထောင်)နှင့် ကိုကျော်စိုးဝင်း (မြစ်ကြီးနားအကျဉ်းထောင်)တို့သည် အကျဉ်းထောင်အတွင်း ဝန်ထမ်းများ၏ သေနတ်ပစ...