မွန်ပြည်နယ် ၊ ကျိုက်ထို မြို့နယ်အတွင်းမှာ စစ်တပ်မှစစ်ကြောင်းထိုး ဝင်ရောက်ပြီး ပစ်ခတ်ခဲ့တာကြောင့် အရပ်သား (၄) ဦး သေဆုံးကာ (၃) ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်အရုံးကထုတ်ပြန်ပါတယ်။ စစ်တပ်စစ်ကြောင်းတွေဟာ ပြည်သူပိုင် နေအိမ် တွေကို ဖောက်ထွင်းမွေနှောက်ပြီး အိမ်အသုံးအဆောင်ပစ္စည်းတွေနဲ့ ဆိုင်ကယ် (၉) စီးခန်းကိုလည်း အဓမ္မသိမ်းဆည်းယူဆောင်သွားတယ်လို့သိရပါတယ်။ စစ်တပ်စစ်ကြောင်းတွေကြောင့် ကျေးရွာပေါင်း ၁၉ ရွာက ပြည်သူ ၁၂,၉၃၀ ကျော် ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကေအဲန်ယူကပြောပါတယ်။ ဖေဖော်ဝါရီလ (၇)ရက် နေ့မှာ အလူးလေးကျေးရွာ အုပ်စု ၊ ဖေဖော်ဝါရီလ (၉) ရက်နေ့တွင် ခရွဲကျေးရွာအုပ်စုနဲ့ ဝင်းကံကျေးရွာအုပ်စုတွေကိုစစ်တက်ကဝင်ရောက်ခဲ့ပြီး ခရွဲကျေးရွာအုပ်စုကို စစ်တပ်ကပစ်ခတ်ခဲ့တာကြောင့် စစ်ကွင်းရွာက ဦးစောနောင် (၆၀) နှစ် ဇနီးဖြစ်သူ ဒေါ်မအေး (၆၅) နှစ် ၊ မုက္ခမော့ရွာမှ ဦးအေးသိန်း (၆၅) နှစ် တို့ (၃) ဦး အသက်သေဆုံးခဲ့ပါတယ်။ စစ်ကွင်းရွာခံ (၃) ဦး လက်နက်ကြီး ထိမှန်ဒါဏ်ရာရရှိခဲ့ပြီး အခိုင်ရွာနေ ဦးကြက်ဥ (၅၀) နှစ်ကိုစစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့သိရပ...
မန္တလေးတိုင်း ၊ မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်တွင် ဇန်နဝါရီလ ၃၁ ရက်နေ့၌ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား (၂၁)ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း(၈)ဦး ဖမ်းဆီးရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။ ဓာတ်ပုံ - Natogyi People Defence Force နွားထိုးကြီးမြို့နယ် ပြင်စည် စခန်းမှ ဗိုလ်မှူး ရန်လင်းအောင် နှင့် ဗိုလ်ကြီး အောင်ဇော်မင်း တို့ဦးဆောင်သောစစ်ကြောင်းသည် နွားထိုးကြီးမြို့နယ် စိန်ပန်းကန်ကျေးရွာ နှင့် တောကန်ကြီး ကျေးရွာ အကြား သို့ ရောက်ရှိနေစဉ် Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်း နှင့် မြင်းခြံခရိုင် အမှတ်(၁ဝ)တပ်ရင်းတို့မှ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲ အချိန်(၃)နာရီ နီးပါး ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းသိရသည်။ ဌင်းတိုက်ပွဲမှ လက်နက်(၃၉)လက် ခဲယမ်းအမြောက်များရရှိခဲ့ကြောင်း Natogyi People Defence Force မှထုတ်ပြန်သည်။ Bagan News