လက်ရှိတော်လှန်ရေးကို တဆင့်တက်၍ အသွင်ကူးပြောင်းမှုကာလ အစီအမံများ ကို အတည်ပြုပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ်အောင်မြင်စွာဖွဲ့စည်းနိုင်ရန်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးလုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်နိုင်စေရန် ၊ စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနှင့် အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်ဆောင်နိုင်ရန် အတွက် "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင် ကောင်စီကိုဖွဲ့စည်းလိုက်ကြောင်း NUG ကထုတ်ပြန်သည်။ ၎င်းကော်မတီကို မတ်လ ၃၀ ရက်နေ့တွင်အွန်လိုင်းမှတဆင့် ကနဦး ဖွဲ့စည်းခဲ့ကြောင်းသိရသည်။ ဖွဲ့စည်းခြင်းအခမ်းအနားသို့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်များ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းအမျိုးသားတပ်ဦး (CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင်များနှင့် အဖွဲ့ဝ...
ကရင်ပြည်နယ်၊မွန်ပြည်နယ်နှင့် ပဲခူးတိုင်းတို့ပါဝင်သည့် NUG ၏ တောင်ပိုင်းစစ်ဒေသနယ်မြေတွင် နိုဝင်ဘာ ၂၃ မှ နိုဝင်ဘာ ၂၉ ရက်နေ့ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၅၂ ဦး သေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသမှထုတ်ပြန်သည်။ စစ်ကောင်စီတပ်စွဲထားရာနေရာများနှင့် စစ်ကောင်စီစစ်ကြောင်းများအား တောင်ပိုင်းစစ်ဒေသ ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့မှု ၂၇ ကြိမ်ရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ ဓာတ်ပုံ - NUG တောင်ပိုင်းစစ်ဒေသရှိ တပ်ဖွဲ့ဝင်များ။ ဌင်းတိုက်ပွဲများအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။ PDF နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲများသည် စစ်ကောင်စီတပ်အား နည်းမျိုးစုံဖြင့် ဖိအားပေးတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ် မြဝတီ အာရှလမ်းပိုင်းတွင်လည်း စစ်ကောင်စီတပ်၏ ရိက္ခာနှင့် တပ်ကူလမ်းကြောင်းများကို လိုက်လံပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်လျက်ရှိကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။ Bagan News